June 1, 2026

မတူပီမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီး မိုးလုံလေလုံအားကစားရုံပျက်စီး

0

Chinland Channel/ ၂၁၊ မေ၊ ၂၀၂၆

ချင်းပြည်၊ မတူပီမြို့ပေါ်ကို ယမန်နေ့၊ မေ ၂၀ ရက်၊ ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် မတူပီမြို့၊ စန်ဘောင်ရပ်ကွက်၊ ဂေါက်ကွင်းအနီးရှိ မိုးလုံလေလုံအားကစားရုံနှင့် အထက ၂ ကျောင်းတို့ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“မိုးလုံလေလုံ ကစားကွင်း အကုန်ပျက်တယ်။ အထက ၂ လည်း တော်တော်ထိတယ်။ CDF တွေ နေလို့လားမသိဘူး´´ဟု မတူပီဒေသခံတစ်ဦးက Chinland Channel ကို ပြောကြားသည်။

မတူပီမြို့ကို CPU/CPA အဖွဲ့ဝင် MRO/CDF Matupiက ထိန်းချုပ်ထားပြီး စစ်ကောင်စီက မကြာခဏလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-လူမှုကွန်ယက်(ပုံဟောင်း)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed