October 27, 2026

ဇိုတုန်ဒေသမှာ ၁၀ ဘီးနဲ့ ၁၂ ဘီးကားတွေ ပုံမှန်ပြန်လည်သွားလာခွင့်ပြု

0

Chinland Channel/ ၁၇ ၊ အောက်တိုဘာ၊ ၂၀၂၆

ဇိုတုန်ဒေသအတွင်း လမ်းပျက်စီးမှုကို ကာကွယ်ဖို့ မိုးရာသီကာလအတွင်း ကန့်သတ်ထားတဲ့ ၁၀ ဘီးနဲ့ ၁၂ ဘီးကားတွေကို အောက်တိုဘာ ၁၇ ရက်ကစပြီး ပုံမှန်ပြန်လည်သွားလာခွင့်ပြုလိုက်ပြီလို့ ဇိုတုန်ဖက်ဒရယ်ကောင်စီ (Zotung Federal Council) က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဇိုတုန်ဒေသန္တရအစိုးရရဲ့ အောက်တိုဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီကာလကို ကူးပြောင်းလာပြီဖြစ်တာကြောင့် အခုလို ကားသွားလာခွင့် ကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ပေးလိုက်တာလို့ ဖော်ပြထားပါတယ်။

အရင်က ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အမှတ် ၀၁/၂၀၂၆ အရ လမ်းပျက်စီးမှုကို ကာကွယ်နိုင်ဖို့ ၁၀ ဘီးနဲ့ ၁၂ ဘီးကားတွေကို ဇွန်လ ၂၀ ရက်ကစပြီး ဩဂုတ်လအတွင်း မြေပြန့်ကနေ ရမ်းစီးကျေးရွာအထိသာ သွားလာခွင့်ပြုထားခဲ့တာပါ။ မိုးရွာသွန်းမှုအခြေအနေပေါ် မူတည်ပြီး အဲဒီကားကြီးတွေ သွားလာခွင့်ကို ထပ်မံထုတ်ပြန်ပေးမယ်လို့လည်း အရင်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုတော့ မိုးရာသီကုန်ဆုံးလာပြီဖြစ်တာကြောင့် အောက်တိုဘာ ၁၇ ရက်ကစပြီး ၁၀ ဘီးနဲ့ ၁၂ ဘီးကားတွေကို ပုံမှန်အတိုင်း သွားလာခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed