September 11, 2026

CDF-Mara ထိန်းချုပ်နယ်မြေတွင် လက်နက်ခဲယမ်းသယ်ဆောင်ခြင်းနှင့် လက်နက်ကိုင်ဆောင်ခြင်းမပြုရန် ထုတ်ပြန်

0

Chinland Channel/ ၅၊ စက်တင်ဘာ၊ ၂၀၂၆

ချင်းပြည်၊ မရာဒေသ၊ CDF-Mara ထိန်းချုပ်ထားသော နယ်မြေတွင် အကြောင်းကြားခြင်းမပြုဘဲ လက်နက်ခဲယမ်းသယ်ဆောင်ခြင်းနှင့် လက်နက်ကိုင်ဆောင်ပြီး လှုပ်ရှားခြင်းများမပြုလုပ်ရန် CDF-Maraက ယနေ့၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီသည် လေကြောင်းဖြင့် မတရားဗုံးကြဲနေရုံမကဘဲ မြေပြင်တွင် သတင်းပေး(ဒလန်)များသွားလာလှုပ်ရှားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Mara ထိန်းချုပ်နယ်မြေတွင် စက်တင်ဘာလ ၅ ရက်နေ့မှ စတင်၍ ထုတ်ပြန်ချက် စည်းမျဥ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက မိမိတာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-CDF-Mara ရဲဘော်များ(ပုံဟောင်း)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed