September 11, 2026

မင်းတပ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၈ ဦးသေဆုံး

0

Chinland Channel/ ၃၁၊ ဩဂုတ်၊ ၂၀၂၆

ချင်းပြည်၊ မင်းတပ်မြို့နယ်တွင် စစ်ရှောင်များနေထိုင်ကြသော ဝုမ်းခုန်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့၊ ဩဂုတ် ၃၀ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် အကြောင်းမဲ့ လေကြောင်း ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟု ယူဆရသော ဗုံး ၄ လုံးဖြင့် ဝုမ်ခုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ​ဒေသခံအမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၄ ဦးစုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် KG တက်နေသော ကလေးငယ်တစ်ဦးနှင့် ၉ တန်းတက်နေသော ကလေးတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၁၀ ဦး ကျော်ရှိပြီး ပြည်သူ့နေအိမ် ၂၀ ဝန်းကျင်ခန့် မီးလောင်ထိခိုက်ပျက်စီးသွားကြောင်းမင်းတပ်ဒေသခံ HKL၏ ဖော်ပြချက်အရ သိရသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာတွင် စစ်ရေးပစ်မှတ်မဟုတ်သော ကျေးရွာများနှင့် စစ်ရှောင်စခန်းများကို မကြာခဏဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-HKL
အညွှန်း-လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေအိမ်များ။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed