နှဟရိန်မြို့မှာ အသက် ၄ နှစ်အရွယ်ကလေးတစ်ဦးဒန်းစီးရင်းမတော်တဆဖြစ်ပြီးသေဆုံး
Chinland Channel / ၁၁ ၊ ဇွန်လ၊ ၂၀၂၆
ချင်းပြည်၊ နှဟရိန်မြို့ပေါ်မှာနေထိုင်တဲ့ အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး ဒန်းစီး ရင်း မတော်တဆဖြစ်ကာ သေဆုံးခဲ့ကြောင်းသတင်းအရင်းအမြစ်များထံကနေသိရပါတယ်။
အဆိုပါ မိန်းကလေးငယ်လေးဟာ Anna လို့သိရပြီး မနေ့ ဇွန်လ ၁ ရက်နေ့မှာ သူငယ်ချင်းဖြစ်သူနဲ့ ဆော့ကစားကာ ဒန်းစီးရာကနေ ယခုလို မတော်တဆဖြစ်တာလို့သိရပါတယ်။
“မနေ့က မနက်ပိုင်းမှာတော့ မူကြိုကျောင်းသွားတက်သေးတယ်။ နေ့လယ်ပြန်လာတော့ သူငယ်ချင်းဖြစ်သူနဲ့ အိမ်အောက်မှာ ဒန်းစီးကြတာလို့သိရတယ်။အဲ့မှာ ဒန်းကြိုးနဲ့ငြိပြီးတော့ အခုလိုဖြစ်သွားတာ။ အဲဒီကလေးငယ်နှစ်ဦးဘဲ ဆော့ကြတာဆိုတော့ ဘယ်လိုပုံစံမတော်တဆဖြစ်တာတာလဲ အသေးစိတ်ပြောဖို့ခက်တယ်။ လည်ပင်းမှာ ဒန်းကြိုးနဲ့ငြိတာလို့တော့သိရတယ်။အိမ်သားတွေက သူ့ကိုအိမ်နီးနားဝန်းကျင်မှာ လျှောက်လည်တယ်ထင်ကြ တာ။ ညနေ ၃ နာရီခွဲလောက်မှာ မီးမွှေးဖို့အိမ်အောက်ကိုဆင်းပြီးထင်းသွားယူတဲ့အချိန်ကျမှ တွေ့ကြတာ။” လို့ သတင်းအရင်းအမြစ်တစ်ဦးက Chinland Channel ကိုပြောပါတယ်။
လက်ရှိမှာ Anna ရဲ့ဖခင်ဖြစ်သူက မလေးရှားကိုရောက်နေပြီး မိခင်ဖြစ်သူလည်း ကျန်းမာရေးကိစ္စကြောင့် ရန်ကုန် ကိုဆင်းနေတယ်လို့သိရပါတယ်။
Anna ရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ ခရစ်ယာန်ထုံးတမ်းအတိုင်း မြေမြှုပ်သဂြိုလ် ခဲ့ကြတယ်လို့သိရပါတယ်။
သတင်း – Jessie
