September 11, 2026

CDF-Asho၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်းသည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ပြီး အရှိုချင်းအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ကြောင်းထုတ်ပြန်

0

Chinland Channel/ ၁၇၊ ဩဂုတ်၊ ၂၀၂၆

CDF-Ashoတွင် တာဝန်ထမ်းဆောင်နေသော တပ်ဦးချုပ်ဆလိုင်းရိုးချင်း ကိုယ်ပိုင်အမှတ်(CDF-452001)သည် ဩဂုတ်လ ၁၄ ရက်နေ့တွင် တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးသွားကြောင်း CDF-Asho က ယနေ့၊ ဩဂုတ် ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

CDF-Asho၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်း၏ ကျဆုံးမှုသည် CDF-Ashoနှင့် အရှိုချင်းလူမျိုးအားလုံးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဖြစ်ပြီး CDF-Ashoက ယုံကြည်စွာ အပ်နှင်းထားသော တပ်၏ တပ်ဦးချုပ်တာဝန်နှင့် တော်လှန်ရေးတာဝန်များကို အသက်နှင့် ခန္ဓာစွန့်၍ တာဝန်ထမ်းဆောင်သောကြောင့် CDF-Ashoမှ များစွာ ဂုဏ်ယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မပြီးပြတ်သေးသော တော်လှန်ရေးတာဝန်များကို CDF-Asho က ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး တပ်ဦးချုပ် ဆလိုင်းရိုးချင်း၏ ဝိညာဉ်ရှေ့မှောက်တွင် ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

CDF-Asho၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်းသည် CDF-Asho၏ ရဲဘောများနှင့်အတူ ငဖဲမြို့ဘက်သို့ ရိက္ခာသွားယူနေစဉ် စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ- CDF-Asho
အညွှန်း- CDF-Asho၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်းရုပ်ကလာဒ်ကို သဂြိုလ်နေစဉ်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed