September 11, 2026

မင်းတပ်တွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံလင်မယားနှစ်ဦးသေဆုံး

0

Chinland Channel/ ၄၊ စက်တင်ဘာ၊ ၂၀၂၆

ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် မြို့အနီးအနားတဝိုက်တို့ကို ယမန်နေ့၊ စက်တင်ဘာလ ၃ ရက်နေ့၊ မနက် ၉ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ လင်မယား ၂ ဦးသေဆုံးသွားကြောင်းသိရသည်။

အဆိုပါ ၁၂၀ မမ လက်နက်ကြီးများကို မကွေးတိုင်း၊ ကျောက်ထုနှင့် မင်းတပ် နယ်ခြားမှ အကြိမ်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မင်းတပ်မြို့၊ ဥယာဥ်ခြံတွင် နေထိုင်သော အသက် ၆၀ အရွယ်ဝန်းကျင်ရှိ လင်မယား ၂ ဦး ထိခိုက်သေဆုံးခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံ KHL၏ ဖော်ပြချက်အရ သိရသည်။

ထို့အပြင် စက်တင်ဘာလ ၃ ရက်နေ့၊ ညနေ ၄ နာရီခွဲကျော်အချိန်ခန့်တွင် ဂျက်ဖိုက်တာ တစ်စီးဖြင့် မင်းတပ်မြို့၊ အရှေ့ခြမ်း တစ်နေရာကို ဗုံး ၄ လုံးကြဲချခဲ့ကြောင်းသိရသည်။

မင်းတပ်မြို့နယ်၊ ဝုမ်းခုန်ကျေးရွာကို ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၉ ဦးသေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် ၂၀ ကျော်ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-မင်းတပ်မြို့။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed