July 17, 2026

ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄၄ ဦး သေဆုံးခဲ့ပြီး အရပ်သား ၃၄၀ ဦး ကျဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

0

Chinland Channel / ၁၆ ၊ ဇူလိုင်လ၊ ၂၀၂၆

၂၀၂၆ ခုနှစ် ဇွန်လအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄၄ ဦး သေဆုံးခဲ့သလို၊ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၄၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

NUG က ထုတ်ပြန်တဲ့ ဇွန်လအတွက် စစ်ရေးအခြေအနေဆိုင်ရာ စာရင်းအရ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄၄ ဦး သေဆုံးပြီး ၂၀၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က အရာရှိ ၂၀ ဦး သေဆုံး၊ ဒဏ်ရာရရှိ သို့မဟုတ် ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်စခန်း ၉ ခုကို သိမ်းပိုက်နိုင်ခဲ့သလို စခန်း ၁၅ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ထို့ပြင် စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်တစ်စီးကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အခြားစစ်ရေးတိုက်ခိုက်မှုတွေကြောင့် ဇွန်လအတွင်း အရပ်သား ၃၄၀ ဦး သေဆုံးခဲ့ပြီး ၃၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးသူငယ် ၃၄ ဦး ပါဝင်ခဲ့ပြီး နေအိမ် ၁,၂၅၅ လုံး နဲ့ ဘာသာရေးအဆောက်အအုံ ၉ လုံး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed