September 11, 2026

အိန္ဒိယ-မြန်မာကုန်သွယ်ရေးအတွက် အရေးပါသော ရိခေါဒါရ်မြို့တွင် ဒေသခံပြည်သူများပုံမှန်အတိုင်းသာ နေထိုင်သွားလာနေ

0

Chinland Channel/ ၁၉၊ ဇူလိုင်၊ ၂၀၂၆

မြန်မာ-အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းအတွက် အလွန်အရေးပါသော ရိခေါဒါရ်မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ရန် ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်အထိ မြို့ပေါ်ရှိ ဒေသခံပြည်သူများ ပုံမှန်အတိုင်းသာ နေထိုင်သွားလာနေကြောင်း သိရသည်။

ရိခေါဒါရ်မြို့ကို ထိုးစစ်ဆင်သိမ်းပိုက်ရန်အတွက် ဟားခါးမြို့နှင့် တီးတိန်မြို့တို့ဘက်မှ စစ်ကောင်စီတပ်များသည် ဖလမ်းမြို့တွင် အင်အားဖြည့်တင်းနေကြောင်း သတင်းများထွက်ပေါ် လာခြင်းဖြစ်သည်။

CDF-Hualngoram တာဝန်ခံကို Chinland Channel က မေးမြန်းရာတွင် အဆိုပါသတင်းနှင့်ပတ်သက်ပြီး ပြောဖို့မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်‌။

“ဒီမှာတော့ ပြည်သူတွေ ကြိုတင်တိမ်းရှောင်တာတွေ မရှိပါဘူး။ ယခင်အတိုင်းပဲ ပုံမှန်သွားလာနေပါတယ်”ဟု ရိခေါဒါရ်မြို့ဒေသခံတစ်ဦးက Chinland Channel ကို ပြောကြားသည်။

စစ်ကောင်စီက ရိခေါဒါရ်မြို့ကို ထိုးစစ်ဆင်သိမ်းပိုက်မည်ဟူသော သတင်းသည် ပြည်သူများကို ဂဏာမငြိမ်ရန် လော်ဘီများက တမင်ပြုလုပ်ဖန်တီးခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် အခြေမြစ်မရှိသော သတင်းအမှားများကို မယုံကြည်ကြရန်နှင့် လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားသည့် အရိပ်အရောင်မတွေ့ရသေးကြောင်း ခေါနူးသုန်သတင်းဌာနတွင် CDF-Hualngoram၊ ကာကွယ်ရေးအတွင်းရေးမှူး၏ ဖြေကြားချက်အရ သိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-ရိခေါဒါရ်မြို့။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed