June 17, 2026

ဟားခါး-ထန်တလန်အကြား ယာယီလက်လွှတ်ထားသော နေရာများကို ပြန်လည်ရယူနိုင်ရေးနှင့် ပြည်သူလူထုလုံခြုံရေးကို တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဟု CDF-Thangtlang ပြောကြား

0

Chinland Channel/ ၁၅၊ ဇွန်၊ ၂၀၂၆

ချင်းပြည်၊ ဟားခါးမြို့မှ စစ်ကြောင်းထိုးလာသော အင်အား ၃၀၀ ကျော်စစ်ကောင်စီတပ်သည် ထန်တလန်မြို့တွင် ဝင်ရောက်ခဲ့ပြီးနောက် ထန်တလန်မြို့တွင် အချိန်မရွေးတိုက်ပြင်းထန်လာနိုင် သည့်အတွက် CDF-Thangtlangအနေဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြောင်းသိရသည်။

ယခင်က ထန်တလန်မြို့တွင်းအပေါ်ဘက်ကို  စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်က အခိုင်အမာခြေကုတ်ယူထားပြီး စားနပ်ရိက္ခာနှင့် နေရေးထိုင်ရေးအခက်အခဲကြောင့် ဟားခါးမြို့မှ စစ်ကောင်စီတပ်အင်အားကို ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်သည်။

“နက်ဖြန်၊ တဖက်ခါ အချိန်မရွေးတိုက်ပွဲပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေဘက်ကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချင်တယ်။ ပြီးတော့ ကျွန်တော်တို့ CDF-Thangtlang အနေနဲ့ပဲ ဖြစ်ဖြစ်၊ ချင်းအမျိုးသားတပ်မတော်(CNA)၊ ပြီးတော့ ချင်းပြည်(Chinland)အစိုးရတပ်ဖွဲ့အနေနဲ့လည်းဖြစ်ဖြစ် ပြည်သူကို လုံခြုံအောင် ကျွန်တော်တို့ဘက်ကနေ ကြိုးစားပြီးတော့မှ ဆောင်ရွက်သွားမှာပါ”ဟု CDF-Thangtlang ပြောရေးဆိုခွင့်ရှိသူက Chinland Channel ကို ပြောကြားသည်။

ဟားခါးနှင့် ထန်တလန်ကြားတွင် ယာယီလက်လွှတ်ခဲ့ရသော နေရာများကိုလည်း CDF-Thangtlangအနေဖြင့် ပြန်လည်ရယူနိုင်ရေးရန် ကြိုးစားသွားမည်ဖြစ်ပြီး လက်ရှိ ထန်တလန်မြို့ပေါ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း မြို့တွင်းမှ ထွက်မရအောင် ခုခံတားဆီးလုပ်ဆောင်သွားမည်ဟု သိရသည်။ 

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ- CDF-Thangtlang တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed