September 11, 2026

ဟားခါးမြို့မှာပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံအမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး

0

Chinland Channel / ၂ ၊ ဩဂုတ်လ၊ ၂၀၂၆

ချင်းပြည်၊ ဟားခါးမြို့ပေါ်မှာ မနေ့ ဩဂုတ်လ ၁ ရက် ၊ ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဟားခါးမြို့ဒေသခံအမျိုးသမီးတစ်ဦးက Chinland Channel ကိုပြောပါတယ်။

ဟားခါးမြို့ ၊ ရှုခင်းသာ ( View Point ) နဲ့ အနီးနားဝန်းကျင်မှာ မနေ့ည မြန်မာစံတော်ချိန် ၉ နာရီ ခွဲဝန်းကျင် ကနေ စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုပြင်းထန်ခဲ့တယ်လို့သိရပြီး ဒီပစ်ခတ်မှုဟာ အကြမ်းဖက် စစ်တပ်နဲ့ ဘယ်အဖွဲ့ကြားပစ်ခတ်မှုလည်းဆိုတာတော့ အတည်ပြုမသိနိုင်ကြောင်းဆိုပါတယ်။

ပစ်ခတ်မှုအတွင်း View Point အောက်ဘက်မှာရှိတဲ့ လူနေအိမ်တစ်ချို့ ကျည်ထိမှန်ပျက်ဆီး တာတွေလည်းရှိသလို အသက် ၅၀ ကျော်အရွယ်ရှိ ဒေါ်ခရစ်တီးနားထလာမဲန်း ( Christina Thla Meng ) လည်း ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

“မနေ့ည ၉ နာရီခွဲဝန်းကျင်ကနေစဖြစ်တာ။ ပထမတစ်ခေါက်တော့ မီနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်ကြပြီးတော့ ပြန်ငြိမ်သွားတယ်။ အဲဒါပြီးတော့ နောက်ထပ်တစ်ခေါက် ပြန်ပစ်ကြတာ တောက်လျှောက်ဘဲ ည ၁၁ နာရီ ခွဲ လောက် အထိကြာသွားတယ်။ အဲ့မှာ ဒေါ်ခရစ်တီးနားထလာမဲန်း ( Christina Thla Meng ) က ခြေသလုံးမှာ ကျည်ထိမှန်ခဲ့ပြီးတော့ သွေးထွက်လွန်ပြီး ဆုံးသွားတာ။” လို့ အဆိုပါအမျိုးသမီးကပြောပါတယ်။

ကျည်ထိမှန်သေဆုံးသွားတဲ့ ဒေါ်ခရစ်တီးနားထလာမဲန်းမှာ သားသမီး ၄ ဦး ကျန်ရစ်ခဲ့ပြီးသူ့ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဩဂုတ်လ ၂ ရက် မှာ ဂူသွင်းသဂြိုလ်သွားမယ်လို့သိရပါတယ်။

သတင်း – Jessie
ပုံ – ကျည်ထိမှန်ခံရသူ ဒေါ်ခရစ်စတီးနား

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed