December 5, 2025

ဟားခါးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး SRF ထံအလင်းဝင်

0

Chinland Channel / ၂၇ အောက်တိုဘာ ၂၀၂၅

ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့ပေါ်ရှိအကြမ်းဖက်စစ်ကောင်စိတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနဲ့ အတူ အလင်းဝင်လာခဲ့တယ်လို့ Senthang Revolution Force – SRF က ဒီကနေ့အသိပေးထုတ်ပြန်လာပါတယ်။

ဟားခါးမြို့ရေပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဟာ MA1 သေနတ်တစ်လက်၊ ကျည်ဘောက် ၃ ခု နဲ့ ကျည်ဆံ များယူဆောင်လာပြီး အောက်တိုဘာ ၂၇ ရက်၊ ဒီကနေ့မှာအလင်းဝင်လာတာလို့ဆိုပါတယ်။

ယခုလိုအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နွေးထွေးစွာကြိုဆိုတဲ့အပြင် လက်ဆောင်အနေဖြင့် ငွေသား နဲ့ အခြားသောအဖိုးတန်ပစ္စည်းများ ချီးမြှင့်ခဲ့တယ်လို့လည်းဆိုပါတယ်။

ဆက်လက်ပြီးကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း SRF က အမြဲကြိုဆိုကြောင်းနဲ့ အလင်းဝင်လာ ကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှာလည်း ဟားခါးမြို့ပေါ်ရှိအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဟာ MA-11 သေနတ် တစ်လက်၊ ကျည်ဘောက် ၃ ခု နဲ့ ကျည် ၁၅၀ ထောင့်တို့ပါလာပြီး CDF-Hakha ထံအလင်းဝင်လာခဲ့ပါ တယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *