September 16, 2026

Zopheiram Pre-College Batch III စက်တင်ဘာ ၂၀ ရက်မှာ စတင်ဖွင့်လှစ်မည်

0

Chinland Channel / ၁၄ ၊ စက်တင်ဘာ၊ ၂၀၂၆

ဇိုဖေရမ်အစိုးရ ပညာရေးဌာနက ဖွင့်လှစ်ထားတဲ့ Zopheiram Pre-College ရဲ့ Community Development Program ဒီပလိုမာသင်တန်း Batch III ကို လာမယ့် စက်တင်ဘာ ၂၀ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ စက်တင်ဘာ ၁၃ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဖွင့်လှစ်မယ့် အဆိုပါသင်တန်းကို ဇိုဖေရမ်ဒေသအတွင်းနဲ့ ဒေသပြင်ပမှာရှိတဲ့ Grade 12 BECA (NUG) ဒါမှမဟုတ် Grade 12 BECA (Chinland) ကို အောင်မြင်ပြီးသူတွေ လျှောက်ထားတက်ရောက်နိုင်တယ်လို့ ပညာရေးဌာနက ဆိုပါတယ်။

လျှောက်ထားသူတွေဟာ ကိုယ်ရေးအချက်အလက်တွေအပြင် မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်၊ မိဘအမည်၊ နေထိုင်ရာကျေးရွာနဲ့ Facebook အကောင့်အမည်တို့ကို တင်ပြရမှာဖြစ်ပြီး ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၃ ပုံလည်း လိုအပ်ပါတယ်။

ဒါ့အပြင် ပညာရေးဌာနနဲ့ ဒေသန္တရအစိုးရထံက ထောက်ခံစာရယူရမှာဖြစ်သလို Grade 12-BECA အောင်မြင်ကြောင်း လက်မှတ်နဲ့ အမှတ်စာရင်း မိတ္တူကိုလည်း တင်ပြရမှာ ဖြစ်ပါတယ်။

လျှောက်လွှာဖောင်ကို Zopheiram Pre-College ရုံးခန်းမှာ ထုတ်ယူဖြည့်စွက်ရမှာဖြစ်ပြီး ဖောင်ကြေး ကျပ် ၁၀,၀၀၀ ပေးသွင်းရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောင်းဝင်ကြေးက ကျပ် ၂၀၀,၀၀၀ ဖြစ်ပြီး လစဉ်ကျောင်းလခ ကျပ် ၁၀၀,၀၀၀ နဲ့ ဖတ်စာအုပ်ဖိုး ကျပ် ၇၀,၀၀၀ သတ်မှတ်ထားပါတယ်။

ဒီ Batch III မှာ တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူတွေထဲက အခက်အခဲရှိပြီး ထိုက်တန်သူ တစ်ဦးကို သြစတြေးလျနိုင်ငံရှိ Australia Zophei Church အမျိုးသမီးရေးရာဌာနက ပညာသင်ဆု ပေးအပ်သွားမယ်လို့လည်း Zopheiram Pre-College က အသိပေးထားပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *