September 11, 2026

ဆဲန်ထန်ဗဟိုကောင်စီနယ်မြေမှာ လိုင်စင်နဲ့ ထောက်ခံစာမရှိဘဲ လက်နက်၊ ခဲယမ်းသယ်ဆောင်ခွင့်ကန့်သတ်

0

Chinland Channel / ၃ ၊ စက်တင်ဘာ၊၂၀၂၆

ချင်းပြည်နယ်၊ ဆဲန်ထန်ဗဟိုကောင်စီနယ်မြေအတွင်း လက်နက်၊ ခဲယမ်းနဲ့ တပ်တွင်းအသုံးအဆောင်ပစ္စည်းတွေ သယ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့က တရားဝင်ထုတ်ပေးထားတဲ့ လိုင်စင် ဒါမှမဟုတ် ထောက်ခံစာ ကိုင်ဆောင်ထားရမယ်လို့ ဆဲန်ထန်ဗဟိုကောင်စီက စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဆဲန်ထန်ဗဟိုကောင်စီက ထုတ်ပြန်ချက်အမှတ် (၃/၂၀၂၆) နဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး နယ်မြေအတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေက တရားဝင်တာဝန်နဲ့ ဆောင်ရွက်တာကလွဲပြီး လက်နက်နဲ့ ခဲယမ်းတွေ သယ်ဆောင်လိုသူတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပေးထားတဲ့ လိုင်စင် ဒါမှမဟုတ် ထောက်ခံစာကို မဖြစ်မနေ ကိုင်ဆောင်ထားရမယ်လို့ သတ်မှတ်ထားပါတယ်။

အဲဒီလိုင်စင် ဒါမှမဟုတ် ထောက်ခံစာဟာလည်း သတ်မှတ်ထားတဲ့ သက်တမ်းအတွင်း ဖြစ်ရမှာဖြစ်ပြီး သက်တမ်းကုန်ဆုံးသွားတဲ့ စာရွက်စာတမ်းတွေကို တရားဝင်အထောက်အထားအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အသုံးအဆောင်ပစ္စည်းတွေကို မည်သည့်နေရာမှာမဆို တွေ့ရှိခဲ့ရင် ကိုယ်ပိုင်ထိန်းသိမ်းတာ၊ သယ်ဆောင်တာနဲ့ အသုံးပြုတာ မလုပ်ဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ချက်ချင်းအကြောင်းကြားပြီး အပ်နှံရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

အခုထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာဘဲ လက်နက်၊ ခဲယမ်းနဲ့ တပ်တွင်းအသုံးအဆောင်ပစ္စည်းတွေ သယ်ဆောင်တာတွေ့ရှိရင် သက်ဆိုင်ရာ စည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ဆဲန်ထန်ဗဟိုကောင်စီက ပြောထားပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed