March 16, 2026

ပထမဆုံးချန်ပီယံခါးပတ်ကာကွယ်ပွဲကို ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်သွားမယ့် Joshua Van

0

Chinland Channel / ၂၂ ဖေဖော်ဝါရီ ၂၀၂၆

လက်ရှိ UFC ဖလိုင်းဝိတ်ချန်ပီယံ၊ ချင်းလူငယ် Joshua Van ကတော့ သူ့ရဲ့ပထမဦးဆုံးချန်ပီယံခါးပတ်ကာကွယ် ပွဲအဖြစ် ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်ပြီးကာကွယ်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက သတင်းမီဒီယာတစ်ချို့ နဲ့ Joshua Van ကိုယ်တိုင်က Taira နဲ့ ချန်ပီယံခါးပတ်ကာ ကွယ်သွားမယ်လို့ပြောဆိုရေးသားခြင်းတွေရှိခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းကမှ UFC ဘက်က တရားဝင်ချပြလာ တာဖြစ်ပါတယ်။

Joshua Van ဟာ ၂၀၂၃ ခုနှစ် ဇွန်လကမှ UFC ကိုရောက်ရှိလာသူဖြစ်ပြီး သူရောက်ရှိပြီးနောက် တစ်နှစ်ခွဲခန့်အချိန် မှာ UFC အတွင်း ၁၀ ပွဲထိုးသတ်ထားပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ချန်ပီယံဟောင်း Alexendre Pantoja ကိုအနိုင်ရရှိပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ဂျပန်ဖိုက်တာ Tasuro Taira ဟာလည်း လက်ရှိ UFC ဖလိုင်းဝိတ်တန်းမှာ စွမ်းဆောင်ရည်ကောင်းတွေကို ချပြ နေသူဖြစ်ပြီးတော့ Joshua Van ခါးပတ်ရရှိတဲ့ နေ့မှာဘဲ ဖလိုင်းဝိတ်ချန်ပီယံဟောင်း Brandon Moreno ကို ဒုတိယအချီ အလဲထိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

မနေ့က ပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာ Joshua Van က Taira နဲ့ချန်ပီယံခါးပတ်ကာကွယ်ပွဲထိုးသတ်သွားမှာ ဖြစ်ပြီး တတိယအချီမှာအလဲထိုးသွားမယ်လို့ ပြောကြားထားပါတယ်။

Joshua Van ဟာ မြန်မာနိုင်ငံသာမက အရှတိုက်ကနေ ပထမဦးဆုံးသော UFC အမျိုးသားချန်ပီယံခါးပတ် သိမ်း ပိုက်နိုင်သူဖြစ်ပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed