April 16, 2026

ဟားခါးပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က လူမဆန်စွာ အကြောင်းမဲ့သတ်ဖြတ်မှုအပေါ် CDF-Hakha က ပြင်းထန်စွာ ရှုတ်ချ

0

Chinland Channel/ ၂၉၊ မတ်၊ ၂၀၂၆

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ် ၃ ဦးကို အကြောင်းမဲ့ဖမ်းဆီးပြီး မည်သည့် တရားဉပဒေနှင့်အညီ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း CDF-Hakha က ယနေ့တွင် ထုတ်ပြန်သည်။

ဟားခါးမြို့နေ ဒေသခံလူငယ် ၃ ဦးသည် မတ်လ ၂၃ ရက်နေ့တွင် လေသေနတ်အတွက် စကုတ်တစ်လုံးသယ်ယူ၍ မိသားစုကိစ္စဖြင့် မြို့အပြင်ထွက်လာစဉ် GTI ကျောင်းအနီးတွင် စစ်ကောင်စီတပ်က အလစ်အငိုက်ဖမ်းဆီးခဲ့ပြီး အကြောင်းမဲ့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတ်ဖြတ်ခံထားရသော အလောင်းများအနီးတွင် ရိုင်ဖယ်သေနတ်ကို တမင်တကာအကွက်ဆင်ချထား၍ မှတ်တမ်းပုံများရိုက်ထားပြီး ဆိုရှယ်မီဒီယာပေါ် လိမ်ညာဝါဒဖြန့်ခြင်းသည် အပြစ်မဲ့ပြည်သူကို အတုအယောင်လက်နက်ကိုင်အဖြစ် ဖန်တီးကာ အလွန်အမင်းယုတ်မာသော လိမ်လည်လှည့်ဖြားမှုနှင့် အမှန်တရားကို ဖုံးကွယ်လိုသော အကြမ်းဖက်အာဏာရှင်များ၏ လုပ်ရပ်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြစ်မဲ့ပြည်သူလူထုအား လူမဆန်စွာ သတ်ဖြတ်မှုအပေါ် ကျူးလွန်သူများက တာဝန်ယူရမည်ဖြစ်ကြောင်းနှင့် ဟားခါးမြို့ပေါ်ရှိ ပြည်သူလူထု၊ အထူးသဖြင့် လူငယ်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးသတ်ဖြတ်မှုများကို အထူးသတိပြုကြရန်နှင့် အာဏာရှင်ဆန့်ကျင်တော်လှန်ရေးတွင် မိမိကိုယ်တိုင်ပါဝင်သင့်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းအသိပေးထားသည်။

ဟားခါးမြို့၊ ဒေသခံလူငယ် ၃ ဦးအား အကြောင်းမဲ့ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြန်လွှတ်ပေးရန် သာသာရေးခေါင်းဆောင်များနှင့်ရပ်မိရပ်ဖများက စစ်ကောင်စီထံ တောင်းဆိုထာသော်လည်း လူမဆန်စွာ သတ်ဖြတ်ခံထားရမှုကို မတ်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်က မိသားစုဝင်များထံ အသိပေးလာခဲ့ကြောင်းသိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ- အကြောင်းမဲ့သတ်ဖြတ်ခံထားရသော ဟားခါးမြို့ ဒေသခံလူငယ် ၃ ဦး။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *