တမူးမြို့နယ်တွင် စစ်ရှောင်နေသည့် စစ်ရှောင်ပြည်သူများ အလုပ်အကိုင်မရှိခြင်းကြောင့် စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေ
Chinland Channel/ ၁၄၊ အောက်တိုဘာ၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့နယ်၊ တမူးမြို့နယ်နှင့် ကာနန်တို့တွင် စစ်ရှောင်နေကြသော စစ်ရှောင်ပြည်သူများသည် အလုပ်အကိုင်မရှိသည့်အတွက် စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။
စစ်ရှောင်နေရာများတွင် အလုပ်အကိုင်မရှိသည့်အတွက် လက်ရှိတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ် လိုအပ်နေကြောင်းသိရသည်။
“ ခမ်းပတ်-တမူးဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတုန်းက စစ်ရှောင်တဲ့ ပြည်သူတွေဖြစ်ပါတယ်။ အခုက ခမ်းပတ်-တမူးဘက်ကို စစ်ကောင်စီတပ်က ပြန်သိမ်းတော့ မပြန်ရဲသေးတဲ့ ပြည်သူတွေဖြစ်တယ်။ အခုစစ်ရှောင်တဲ့ နေရာက ခမ်းပတ်- တမူးဘက်နဲ့ နယ်စပ်တစ်လျှောက် Manipure State နေရာတွေဖြစ်ပါတယ်” ဟု စစ်ရှောင်တာဝန်ခံတစ်ဦးက Chinland Channelကို ပြောကြားသည်။
အဆိုပါစစ်ရှောင်နေရာများတွင် စစ်ရှောင်အိမ်ခြေစုစုပေါင်း ၁၀၀၀ နီးပါးရှိပြီး စစ်ရှောင်လူဦးရေ ၂၀၀၀ ကျော်ရှိကြောင်းသိရသည်။
သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-စစ်ရှောင်နေအိမ်များ။


