September 11, 2026

မတူပီ-ဟားခါးလမ်းက မြေပြိုမှုများကို ရဲဘော်များ၏ စားနပ်ရိက္ခာများဖြင့် အရေးပေါ်ပြုပြင်ထားရသည့်အတွက် လမ်းအခွန်တိုးမြှင့်ကောက်ခံမည်

0

Chinland Channel/ ၃၁၊ ဇူလိုင်၊ ၂၀၂၆

ချင်းပြည်၏ လက်ရှိရာသီဥတုအခြေအနေကြောင့် ဆိုးရွားစွာ ပျက်စီးနေသော မတူပီ-ဟားခါးလမ်းကို CDF-Matupi၊ Vakok တပ်ရင်းက လူအင်အားနှင့်အတူ ရဲဘော်များ၏ စားနပ်ရိက္ခာများဖြင့် အရေးပေါ် ပြုပြင်ဆောင်ရွက်နေကြောင်း ယနေ့၊ ဇူလိုင်လ ၃၁ ရက်နေ့က သတင်းထုတ်ပြန်သည်။

ချင်းပြည်တွင် မိုးရွာသွန်းမှုကြောင့် CDF-Matupi၊ Vakok တပ်ရင်းနယ်မြေတဝှမ်းတွင် မတူပီ-ဟားခါးလမ်းပိုင်းသည် ဆိုးရွားစွာ ကားလမ်းမြေပြိုမှုများဖြစ်ပေါ်နေပြီး ပြည်သူများဖြတ်သန်း သွားလာနိုင်ရေးအတွက် လတ်သလောတွင် အရေးပေါ်ပြုပြင်ခြင်းဖြစ်ကြောင်း CDF-Matupi၊ Vakok ထံမှ သိရသည်။

CDF-Matupi၊ Vakokတပ်ရင်းက ရဲဘော်များ၏ စားနပ်ရိက္ခာဖြင့် ကိုယ်ထူကိုယ်ထပြုပြင်ခြင်းနှင့်အတူ လမ်းပိုင်းကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် မိုးရာသီကာလအတွင်းတွင် အဆိုပါလမ်းပိုင်းကို အသုံးပြုမည့် ပြည်သူများထံက အခွန်ထားနှုန်းများ ဩဂုတ်လမှ စတင်၍ အနည်းငယ် တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-မတူပီ-ဟားခါးလမ်းကို ပြုပြင်နေစဉ်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed