April 16, 2026

မတူပီမြို့တွင် ကုန်တင်ယာဥ် အဝင်/အထွက်များကို MROက ပိတ်ပင်

0

Chinland Channel / ၂၆၊ မတ်၊ ၂၀၂၆

ချင်းပြည်၊ မတူပီမြို့တွင် မတူပီတော်လှန်ရေးအဖွဲ့အစည်း/ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ(MRO/CDF)က လုံခြုံရေးအခြေအနေကို အကြောင်းပြပြီး မတ် ၂၄ ရက်နေ့မှ စတင်၍ ကုန်တင်ယာဥ် အဝင်/အထွက်များကို ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

မတူပီမြို့နယ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဈေးများမြင့်တက်မှုကြောင့် အခြားကုန်ဈေးနှုန်းများလည်း မြင့်တက်နေပြီး MROက ကုန်တင်ယာဥ်အဝင်/အထွက်များပိတ်ပင်မှုအပေါ် ဒေသခံများစိုးရိမ်နေ​ကြကြောင်းသိရသည်။

“လေကြောင်းတိုက်ခိုက်ခံရမှုကို အကြောင်းပြပြီး ပိတ်တယ်လို့ ကြားတယ်။ အခုတောင် ဓာတ်ဆီဈေးတွေ မြင့်တက်တဲ့အတွက် ကုန်ဈေးနှုန်းလည်း အရင်ကထက် မြင့်တက်သွားတယ်။ အခုလို ကုန်တင်ယာဥ်အဝင်/အထွက်တွေ ပိတ်လိုက်တော့ ဓာတ်ဆီ၊ ဒီဇယ်တွေ ပြတ်လပ်မှာလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲဆိုတာ အတိအကျမသိရဘူး´ဟု ​ဒေသခံတစ်ဦးက Chinland Channel ကို ပြောကြားသည်။

မတူပီမြို့ကို စစ်ကောင်စီက မကြာခဏဗုံးကြဲတိုက်ခိုက်ခဲ့မှုများရှိပြီး ၊ ကုန်တင်ယာဥ်အဝင်/အထွက် ပိတ်ပင်တာနှင့် ပတ်သက်၍ MRO ဘက်မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါ။

မတူပီမြို့နယ်က ဒေသခံအများစုသည် ဓာတ်ဆီ၊ ဒီဇယ်များကို မတူပီမြို့ပေါ်၊ ​ရေဇွာမြို့နှင့် ဆောဘက်တို့မှ အဓိကဝယ်ယူနေကြကြောင်းသိရပြီ လက်ရှိ ဓာတ်ဆီ ၁ လီတာတွင် ၁၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနေကြရကြောင်း ​ဒေသခံများထံမှ သိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-မတူပီမြို့(ပုံ​ဟောင်း)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *