October 27, 2026

တွဲလက်ညီညီလူနာဆောင်ရှိ ဒဏ်ရာရ ရဲဘော်များကို ၅/Supporting Teamက အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

0

Chinland Channel/ ၅၊ အောက်တိုဘာ၊ ၂၀၂၆

မီဇိုရမ်ပြည်နယ်၊ တွဲလက်ညီညီတွင် နေထိုင်ကြသော ဒဏ်ရာရ တော်လှန်ရေးရဲဘော်များကို ၅/Supporting Teamက ဆန်အိတ် ၄ အိတ်၊ ဆီ၊ ရှမ်းပဲပုတ်၊ မာမား၊ အသားတု၊ အာလူးနှင့် ငရုတ်သီး စသည့် အခြေခံ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တွဲလက်ညီညီက ယနေ့၊ အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

၅/Supporting Teamမှ ‌ထောက်ပံ့ပေးအပ်သော အခြေခံစားနပ်ရိက္ခာများသည် ဆေးကုသမှု ခံယူနေကြသည့် ရဲဘော်များ၏ ဝမ်းရေးအတွက် ကြီးစွာသော အထောက်အပံ့ဖြစ်သလို ဒဏ်ရာရ ရဲ‌ဘော်များ၏ နောက်ကွယ်တွင် ပြည်သူလူထုများ၏ လက်တွဲကူညီမှု အမြဲရှိကြောင်းနှင့် ရဲရင့်သော စိတ်ဓာတ်ခွန်အားများကိုလည်း ပေးစွမ်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် တိုင်းပြည်အတွက် တိုက်ပွဲဝင်ရင်း သွေးနှင့်ချွေးကို ပေးကြဆပ်သော ရဲဘော်များ၏ အခက်အခဲကို စာနာထောက်ထား၍ ၅/Supporting Teamနှင့် အလှူရှင်များက လာရောက်ဖေးမမှုသည် တော်လှန်ရေးခရီးလမ်းကို ရဲဝံ့စွာ ဆက်လက်လျှောက်လှမ်းနိုင်ရန် တန်ဖိုးမဖြတ်နိုင်သော ခွန်းအားဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဒဏ်ရာရ ရဲဘော်များအတွက် မိသားစုသဖွယ် စာနာနားလည်မှု၊ နွေးထွေးသော မေတ္တာများဖြင့် ရိက္ခာများ လာရောက်ထောက်ပံ့ပေးသည့် ၅/Supporting Teamကို ရဲဘော်၊ ရဲဘက်များ၏ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-တွဲလက်ညီညီ
အညွှန်း-တွဲလက်ညီညီတွင် နေထိုင်ကြသော ဒဏ်ရာရရဲဘော်များ(ပုံဟောင်း)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed