September 11, 2026

စစ်ကောင်စီနှင့် တွေ့ဆုံသော EAOအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ထဲတွင် CNO/CNDF ပါဝင်

0

Chinland Channel/ ၃၁၊ ဇူလိုင်၊ ၂၀၂၆

စစ်ကောင်စီက အပစ်ရပ်စဲရန် တွေ့ဆုံဆွေးနွေးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO နှင့် NCA လက်မှတ်မရေးထိုးသေးသည့် လက်နက်ကိုင် ၁၃ ဖွဲ့ထဲတွင် ချင်းညီနောင်တပ်ဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ပါဝင်ကြောင်းသိရသည်။

နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော်တွင် ရွေးတုသမ္မတမင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်ခဲ့သော အနေခြေအနေများနှင့် ပတ်သက်၍ ယနေ့၊ ဇူလိုင်လ ၃၁ ရက်နေ့က ရှင်းလင်းပြောကြားရာတွင် CNO နာမည်ပါဝင်လာခြင်းဖြစ်သည်။

စစ်ကောင်စီက သတ်မှတ်သော ရက် ၁၀၀ စီမံချက်အတွင်းတွင် NCA လက်မှတ်ရေးထိုးထားသော RCSS၊ KNU-KNLA-PC၊ NMSP၊ LDU၊ DKBA၊ ALP နှင့် NCA လက်မှတ်မရေးထိုးသေးသည့် SSPP၊ NDAA၊ UWSP၊ SNA၊ PLSF/TNLA၊ NSCN-Kနှင့် CNO တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီအနေဖြင့် အပစ်ရပ်စဲရေးလုံးဝတွေ့ဆုံဆွေးနွေးမည်မဟုတ်ကြောင်းနှင့် အမြစ်ပြတ်ချေမှုန်းမည်ဟု ရွေးတုသမ္မတမင်းအောင်လှိုင်က ပြောကြားခဲ့ပြီး အာဏာသိမ်းပြီး ပေါ်ပေါက်လာသော ချင်းပြည်မှ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)ကို စစ်ကောင်စီက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ချင်းပြည်မှ လက်နက်ကိုင်တပ်ဖွဲ့များထဲတွင် Romi Revolutionary Army(ZRA)သည် စစ်ကောင်စီနှင့် ပူးပေါင်း၍ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ ဖော်ပြချက်အရ CNOသည် စစ်ကောင်စီနှင့် တရားဝင်တွေ့ဆုံသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။

သတင်းဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-CNO/CNDF တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed