December 5, 2025

မီဇိုရမ်မှာလက်နက်ခဲယမ်းအများအပြားဖမ်းဆီးရမိ

0

Chinland Channel / ၂၅ အောက်တိုဘာ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ထဲမှာ လက်နက်ခဲယမ်းအများအပြားဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းဌာနများကဒီကနေ့ဖော်ပြပါတယ်။

အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များဟာ မနေ့ အောက်တိုဘာ ၂၄ ရက်မှာ ကျန်ဖိုင်ခရိုင်၊ Saikhumpai ဒေသ တောထဲမှာ အဆိုပါလက်နက်ခဲယမ်းများကို ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

အာသံရိုင်ဖယ်ဖမ်းဆီးတဲ့လက်နက်ခဲယမ်းများကတော့ ၆၀ မမ စိန်ပြောင်း ၆ ခု၊ လက်လုပ်ရိုင်ဖယ်သေနတ် ၂ လက်၊ တစ်လုံးပြူး ( shot gun ) ၃ လက်၊ Grenade ၁ လက်၊ ၇.၆၂ မမ ကျည် ၄၀ ထောင့်၊ ၆၀မမ ကျည် ၅၀ ထောင့် နဲ့ စကားပြောစက်နှစ်ခုတို့ကိုဖမ်းဆီးခဲ့တာပါ။

အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ သူတို့ရရှိထားတဲ့သတင်းအချက်အလက်အရ တောထဲကိုဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါ လက်နက်ခဲယမ်းများကိုဖမ်းဆီးခဲ့တာဖြစ်ပြီး လိုအပ်တာတွေဆက်လက်လုပ်ဆောင်နိုင်ဖို့ Dungtlang ရဲစခန်းထံ လွှဲပြောင်းပေးခဲ့ပါတယ်။

သတင်း – Jessie
ပုံအညွှန်း – အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များနဲ့ဖမ်းဆီးထားတဲ့လက်နက်များ
ဓါတ်ပုံ – Bengvarna

About The Author

Leave a Reply

Your email address will not be published. Required fields are marked *