ဟားခါးရှိစစ်သားတစ်ဦး CDF-Hakha ထံလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်
Chinland Channel / ၂၅ အောက်တိုဘာ ၂၀၂၅
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ရုန်းတောင်ပေါ်ရှိအကြမ်းဖက်စစ်ကေင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနဲ့ အတူအလင်းဝင်လာတယ်လို့ သိရပါတယ်။
ရုန်းတောင်ပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်တဲ့ ဇွဲထက်အောင် အသက် (၂၈) နှစ်၊ ကိုယ်ပိုင်အမှတ် ပစ/၁၆၆၆၂၂ အလင်းဝင်လာခြင်းဖြစ်တယ်လို့ CDF-Hakha Support Team of North America ကဒီကနေ့ အော်ကတိုဘာ ၂၅ ရက်မှာအသိပေးလာခြင်းဖြစ်ပါတယ်။
အခုလိုအလင်းဝင်လာတဲ့ ဇွဲထက်အောင် က MA-11 သေနတ် တစ်လက်၊ ကျည်ဘောက် ၃ ခု နဲ့ ကျည် ၁၅၀ ထောင့်ပါလာတယ်လို့ဆိုပါတယ်။
CDF-Hakha ဟာ ဟာခါးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လှုပ်ရှားမှုများကို နေ့စဉ်စောင့်ကြည့်ပြီး တော်လှန်နေတဲ့အဖွဲ့ဖြစ်ကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်မှာ ဟားခါးမြို့မရဲအတွင်း အကျဉ်းကျခံထားရတဲ့ CNA ရဲဘော် ၂ ဦး၊ CDF-Hakha ရဲဘော် ၃ ဦး အပါအဝင် အကျဉ်းသား ၁၅ ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။
သတင်း – Jessie
ပုံအညွှန်း – လက်နက်ခဲယမ်းများနဲ့အလင်းဝင်လာသူကို လက်ခံစဉ်
ဓါတ်ပုံ – CDF-Hakha Support Team of North America

