October 20, 2025

မီဇိုရမ်က မြန်မာစစ်ဘေးရှောင်များရဲ့ဇီဝအချက်အလက်ကောက်ယူမှုတစ်ဝက်နီးပါးပြီးစီး

0

Chinland Channel / ၁၄ အောက်တိုဘာ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေထိုင်ကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် ကောက် ယူမှု ၅၀ ရာခိုင်နှုန်းနီးပါးပြီးစီးသွားပြီလို့ All India Radio News က ဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများရဲ့ပြောကြားချက်အရ၊ မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခု မှာ မြန်မာစစ်ဘေးရှောင် ၁၂၆၂၁ ဦးရဲ့ဇီဝအချက်အလက်ကိုကောက်ယူထားပြီလို့သိရပြီး ဒါဟာ ရာခိုင်နှုန်းအားဖြင့် ၄၀.၃၇ % ရှိတယ်လို့သိရပါတယ်။

လက်ရှိမီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ရှောင် ၃၁၆၂၅ ဦးနေထိုင်လျက်ရှိပြီး ဇီဝအချက်အလက်ကောက်ယူ ခြင်းကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကနေ စတင်ခဲ့ပြီဖြစ်ပေမယ့် စက်ချို့ယွင်းမှုနဲ့ အင်တာနက်လိုင်းအဆင်မပြေမှု တွေကြောင့်နှောင့်နှေးနေရကာ အထူးသဖြင့်ဝေးလံခေါင်သီတဲ့နေရာတွေမှာ အခက်အခဲကြုံနေရတယ်လို့သိရပါ တယ်။

စစ်ရှော်စခန်းမှာနေတဲ့လူတွေရဲ့ အချက်အလက်ကောက်ယူရတာပိုမိုလွယ်ကူပေမယ့် မိတ်ဆွေအပေါင်းအသင်း အိမ်မှာ နေသူ နဲ့ အိမ်ဌားနေထိုင်သူများရဲ့အချက်အလက်ကောက်ယူရာမှာတော့ အခက်အခဲပိုကြုံရတယ်လို့သိရ ပါတယ်။

မြန်မာစစ်ရှောင်များရဲ့ဇီဝအချက်အလက်များအားလုံးကောက်ယူပြီးနောက် ဘင်္ဂလားဒေ့ရှ့် စစ်ရှောင်များရဲ့ အချက်အလက်ကိုဆက်လက်ကောက်ယူသွားမယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံမှာ မတရားအာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့ အလွန် မတ်လ ဝန်းကျင်ကနေစကာ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ရှောင်များစတင်ဝင်ရောက်ခဲ့ကာ စစ်ရှောင်အများ ဆုံးကာလမှာတော့လူဦးရေ ငါးသောင်းကျော်ခဲ့တယ်လို့သိရပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed