March 16, 2026

စစ်တပ်ကျင်းပမယ့် ချင်းအမျိုးသားနေ့အခမ်းအနားကို မတက်ရောက်ကြဖို့ CDF-Hakha အသိပေး

0

Chinland Channel / ၁၈ ဖေဖော်ဝါရီ ၂၀၂၆

အကြမ်းဖက်စစ်တပ်က အတုအယောင်ကျင်းပမယ့် ချင်းအမျိုးသားနေ့ အခမ်းအနားကိုပါဝင်တက်ရောက်ခြင်း မပြုကြဖို့ CDF-Hakha က ဖေဖော်ဝါရီလ ၁၇ ရက်ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ ကျရောက်တော့မှာဖြစ်ပြီး စစ်အုပ်စုက အတုအယောင်ကျင်းပမယ့် အဆိုပါချင်းအမျိုးသားနေ့ အခမ်းအနားဟာ ချင်းပြည်သူလူထုရဲ့ သမိုင်းဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်အခွင့်အရေးများကို ဖျက်ဆီးချိုးဖောက်နေတဲ့ လုပ်ရပ်တစ်ရပ်သာဖြစ်တယ်လို့ဆိုပါတယ်။

ချင်းအမျိုးသားနေ့ဟာ ချင်းလူမျိုးတို့ရဲ့စည်းလုံးညီညွတ်မှုနဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အထိမ်းအမှတ်ပြုသော သမိုင်းဝင်နေ့ဖြစ်သော်လည်းယနေ့တွင် အကြမ်းဖက်အာဏာသိမ်းအုပ်စုမှ ၎င်းတို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက် များအတွက် အသုံးချနေခြင်းကို လုံးဝ လက်မခံနိုင်ဘူးလို့ဆိုပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်အာဏာသိမ်းအုပ်စုမှ စီစဉ်ကျင်းပမယ့် ချင်းအမျိုးသားနေ့ အခမ်းအနားကို မည်သည့် ပုံစံနဲ့မှမသွားရောက်ကြရန် နဲ့ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မှ ပူးပေါင်းပါဝင်ခြင်းမပြုကြရန် တိုက်တွန်းထား ပါတယ်။

CDF-Hakha ဟာ ချင်းပြည်သူလူထုရဲ့ သမိုင်းဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်း သွားမှာဖြစ်ပြီး အကြမ်းဖက်အာဏာရူးတို့ရဲ့ လုပ်ရပ်များကိုဘယ်တော့မှ လက်မခံကြောင်း ထပ်လောင်း အသိပေး တယ်လို့ဆိုပါတယ်။

ပြည်သူလူထုအားလုံးရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားကာ ယခုလိုတိုက်တွန်းထားခြင်းဖြစ်ပြီး မလိုက်နာသူများ အနေဖြင့် တစ်စုံတစ်ရာ ကြုံတွေ့ပါကမိမိအပြစ်သာဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။

သတင်း – Jessie
ပုံအညွှန်း – ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်တဲ့ချင်းအမျိုးသားနေ့ အခမ်းအနားကို ဟားခါးမြို့မှ ကျင်းပစဉ်
ဓါတ်ပုံ – လူမှုကွန်ယက်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed