December 6, 2025

မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်တဲ့မြန်မာနိုင်ငံသားတစ်ဦးကို လောင်တလိုင်ခရိုင်ကနေ မောင်းထုတ်

0

Chinland Channel / ၂၅ ဇွန်လ ၂၀၂၅

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲကိုဝင်ရောက်ပြီး မူးယစ်ဆေးဝါးများ သုံးစွဲတဲ့အပြင် အရောင်းအဝယ်ပါ လုပ်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို လောင်တလိုင်ခရိုင်ထဲကနေမောင်းထုတ်ကြောင်းတာဝန်ရှိသူထံကသိရပါ တယ်။

အဆိုပါ အမျိုးသားဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့ကြားရှိ ဇိုမွှန် ( Zohmun) ကျေးရွာဒေသခံ လာလ်ရမ်ငှလျန် ( Lalramhngaklian) အသက် ၄၂ နှစ်ဖြစ်ပါတယ်။

အဆိုပါအမျိုးသားကို ဇွန်လ ဒုတိယအပတ်ဝန်းကျင်မှာ လောင်တလိုင်ခရိုင်အခြေစိုက် ဗဟိုလိုင်လူငယ်အသင်း ( Central Young Lai Association – CYLA ရဲ့ မူးယစ်ဆေးဝါးလျှော့ချရေးအဖွဲ့ ( Drugs Reduction Squad ) က ဖမ်းဆီးခဲ့တာဖြစ်ပြီး ခရိုင်ကနေ မောင်းထုတ်ခဲ့ပေမယ့် နောက်တစ်ကြိမ်ပြန်လာပြီး မူးယစ်ဆေးဝါးများကို ထပ်မံ ရောင်းချတာကြောင့် နောက်တစ်ခါပြန်ပို့လိုက်တယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ “သူက စစ်ဘေးရှောင်ပုံစံဝင်လာတဲ့လူမဟုတ်ဘူး။ သူက မီဇိုးစကားလည်းတပ်၊ ဗမာလိုလဲ ပြောတက်တော့ ဒီက ရခိုင်ကုန်သည်တွေကို လိုက်လံဘာသာပြန်ပေးပြီးတော့ လုပ်စားနေတဲ့သူပေါ့နော်။ မူးယစ်ဆေးသုံးတဲ့အပြင် ရောင်းလည်းရောင်းတယ်။ အဲ့တာ ကျွန်တော်တို့ဖမ်းမိတော့ သူ့ကိုဘာမှမလုပ်ဘူး ရိုက်တာတွေလည်း ဘာမှမလုပ်ဘူး။ လောင်တလိုင်ခရိုင်မှာတော့ နေထိုင်ခွင့်မပေးတော့ဘူးပေါ့။ ဒါပေမယ့် သူ စီးတဲ့ကားက လောင်တလိုင်မြို့အထွက် မှာ ဆုတောင်းနေကြစဉ် ပြန်ထွက်ပြေးတာ။အဲဒါပြီးတော့ ကျွန်တော်တို့ ဆက်ပြီးတော့သတင်းစုံစမ်းတယ် လုံးလေဘက်ကိုသွားတဲ့ လမ်းက Thingkah ကျေးရွာမှာရှိတယ်ဆိုတာ သတင်း ရတော့ သွားဖမ်းတာ။ ဒုတိယအကြိမ်ဖမ်းတဲ့အချိန်မှာလည်း မူးယစ်ဆေးတွေ လက်ဝေဖမ်းမိထားတယ်။ ရောင်း လည်းရောင်းတယ်ဆိုတော့ ကျွန်တော်တို့ကိုယ်တိုင် ဇွန်လ ၂၁ ရက်၊ စနေနေ့မှာ နယ်စပ်ကိုပို့ပေးထားတယ်။” လို့ CYLA Drugs Reduction Squad အထွေထွေအတွင်းရေးမှူးက Chinland Channel ကိုပြောပါတယ်။

ယခုရက်ပိုင်းမှာ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတစ်ချို့ဟာ သူတို့နေထိုင် ခိုလှုံတဲ့ နေရာဒေသအတွက် အနှောက်အယှက်ပေးပြီး ပြသနာဖန်တီးတဲ့ လုပ်ဆောင်ချက်တွေရှိတာကြောင့် မီဇိုရမ်ကနေ မောင်းထုတ်ခံရသူတွေ ရှိလာနေပြီဖြစ်ပါတယ်။

အလားတူ ကျန်ဖိုင်ခရိုင်ထဲက မြန်မာစစ်ဘေးရှောင်နှစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အရက်သေစာ သောက်ပြီး မူးယစ်ရမ်းကားကာ ပြသနာဖန်တီးတာကြောင့် ရပ်ကွက် YMA က လာမယ့် ဇွန်လ ၂၈ ရက်နေ့မတိုင်ခင် မီဇိုရမ် ကိုစွန့်ခွါဖို့ မောင်းထုတ်ခဲ့တယ်လို့သိရပါတယ်။

သတင်း – Jessie
ပုံအညွှန်း – လောင်တလိုင်ခရိုင်ကနေ မောင်းထုတ်ခံရတဲ့ Lalramhngaklian
ဓါတ်ပုံ – ပေးပို့

About The Author

Leave a Reply

Your email address will not be published. Required fields are marked *