December 5, 2025

ထန်တလန်မြို့နယ်အတွင်းစာသင်ကျောင်းများအကန့်အသတ်မရှိပိတ်ထားရန်အသိပေး

0

Chinland Channel / ၃၀ အောက်တိုဘာ ၂၀၂၅

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက စာသင်ကျောင်းများအားလုံးကို အကန့်အသတ်မရှိပိတ်ထားရန် CDF-Thantlang ပညာရေးဌာနက မနေ့အောက်တိုဘာ ၂၉ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က ပြည်သူ့နေအိမ်များ၊ စာသင်ကျောင်းများကိုပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ယခုလို ကျောင်းများပိတ်ထားတာဖြစ်ပါတယ်။

“အကြမ်းဖက်စစ်တပ်ဟာလူနေအိမ်နဲ့စာသင်ကျောင်းများနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ်အတွင်း ရှိ ထက်၊ လယ် ၊ မူ ကျောင်းများအားလုံး အကန့်အသတ်မရှိ ပိတ်ထားရန်အကြောင်းကြားအပ်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ယခုရက်ပိုင်းအတွင်း ထန်တလန်မြို့နယ်နေရာအနှံ့ကို လေကြောင်းကနေ ကင်းထောက် လျက်ရှိပြီး အများပြည်သူစိုးရိမ်စိတ်ဖြစ်နေကြောင်း ဒေသခံများထံကသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာလည်း ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အသက် ၈ နှစ် နဲ့ ၁၂ နှစ်အရွယ်ကျောင်းသားနှစ်ဦး သေဆုံးတဲ့အပြင် ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြပါ တယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *