၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို CDF-Asho ဖမ်းမိ
Chinland Channel / ၁၃ ဇွန် ၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင် ၂၃ ဦးကို ၅ ရက်အတွင်းဖမ်းဆီးခဲ့ကြောင်း CDF-Asho က သတင်းထုတ်ပြန်ထားပါတယ်။
CDF-Asho အနေဖြင့် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းအနီးမီတာ (၁၅၀၀)ပတ်လည် နတ်ရေ ကန်လမ်းဟောင်းအား ဖြတ်တောက်တိုက်ခိုက်ရေးလုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းကနေထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်သားများကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇွန်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်း ၅ ရက်တာကာလ မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ MA-1 ၅ လက်၊ MA-3 ၃ လက်နဲ့ ခဲယမ်းအချို့သိမ်းဆီရမိခဲ့တယ်လို့ဆိုပါတယ်။
အခုဖမ်းဆီးထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ စစ်မှုမထမ်းမနေရဥပဒေကြောင့် အတင်းအဓမ္မ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေသူများဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင်ပူးပေါင်းကြရန် တိုက်တွန်းထားပါတယ်။
သတင်း – Jessie
ပုံအညွှန်း – CDF-Asho ဖမ်းဆီးထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်
ဓါတ်ပုံ – CDF-Asho



