၄ လအတွင်း စစ်ရေးလှုပ်ရှားမှုမှာ စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးခဲ့ကြောင်းနှင့် ရဟတ်ယာဉ် ၁ စင်း ထိခိုက်အောင်ပစ်ခတ်နိုင်ခဲ့ကြောင်း CDF-Hakha ထုတ်ပြန်
Chinland Channel / ၁၃ နိုဝင်ဘာ ၂၀၂၄
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်မှ နိုဝင်ဘာလ ၁၂ ရက်အထိ ၄ လတာစစ်ရေးလှုပ်ရှားမှတ်တမ်းကို ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်စွဲနဲ့ CDF-Hakha ကထုတ်ပြန်ခဲ့ပါတယ်။
၄ လတာစစ်ရေးလှုပ်ရှားမှုအတွင်း Mi-17 ရဟတ်ယာဉ်တစ်စင်းကို အမြီးပိုင်းပစ်ခတ် ဖျက်စီးနိုင်ခဲ့သလို၊ စကစတပ်ဖွဲ့ဝင် ၅၃ ဦးသေဆုံး၊ ၆ ဦးအရှင်ဖမ်းမိ၊ ၁၄ ဦးဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၄ လအတွင်း ရဲ ၁၃ ဦး၊ စစ်သား ၄ ဦး၊ စုစုပေါင်း ၁၇ ဦး CDF-Hakha မှာ လက်နက်ချ အလင်းဝင်ခဲ့သလို သေနတ် ၄၃ လက် သိမ်းဆည်းရခဲ့ပြီး၊ CDMer တွေဆီကနေလည်း သေနတ် ၉ လက်ရရှိတာကြောင့်၊ စုစုပေါင်း လက်နက် ၅၂ လက်အထိ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ၄ လတာစစ်ရေးအတွင်းမှာ ထန်တလန်မြို့ဘက်ကို စစ်ကူသွားရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၈၂ ရက်ကြာ တားဆီးပိတ်ဆို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source – CDF-Hakha
