October 6, 2025

အိန္ဒိယ-မြန်မာနယ်စပ်မှာ ရူပီး ၆၈ သန်းကျော်တန်ဖိုးရှိတဲ့မူးယစ်ဆေးများဖမ်းမိ

0

Chinland Channel / ၂ ဒီဇင်ဘာ ၂၀၂၄

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် နဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် အစပ်မှာ ဒီကနေ့ဒီဇင်ဘာ ၂ ရက်နေ့မှာ ရူပီးသန်းပေါင်း ၆၀ ကျော်တန် စိတ်ကြွဆေးများကိုဖမ်းဆီးခဲ့တယ်လို့ မီဇိုရမ်အခြေစိုက် Bengvarnaသတင်းဌာနက ဖော်ပြထား ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ မြန်မာဘက်အခြမ်းကနေ အမျိုးသားတစ်ဦးမှ စိတ်ကြွဆေးပြားများကို မီဇိုရမ်ထဲ သွင်းဖို့ တီအိုချောင်းကိုဖြတ်ကျော်လာစဉ် ဇိုခေါထာရ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသူကတော့ ပစ္စည်းများကိုထားခဲ့ပြီး မြန်မာဘက်ကိုပြန်လည်ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးထားတဲ့ စိတ်ကြွဆေးပြား ( Methamphetamine ) များဟာ အလေးချိန် ၂၂.၆၇၆ ကီလိုဂရမ်ရှိပြီး နိုင်ငံတကာပေါက်စျေးဖြင့် ရူပီး ၆၈.၀၃ သန်းတန်ဖိုးရှိတယ်လို့ Bengvarna သတင်းဌာနကဖော်ပြထားပါတယ်။

ယင်းစိတ်ကြွဆေးပြားများကို အာသံရိုင်ဖယ်နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့က သူတို့ကြိုတင်ရရှိထားတဲ့သတင်းအတိုင်း စစ်ဆင်ရေးတစ်ခုပြုလုပ်ရင်းဖမ်းဆီးရမိတာလို့သိရပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူနဲ့ သုံးစွဲသူအလွန်များပြားပြီး ယခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့အောက်တိုဘာလ ၃၁ ရက်နေ့အထိ ၁၀ လအတွင်း မူးယစ်ဆေးဝါးကြောင့် အများသား ၅၃ ဦး နဲ့ အမျိုးသမီး ၈ ဦး အားလုံးပေါင်း ၆၁ ဦးသေဆုံးခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် အစိုးရ Website မှာဖော်ပြထားပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed