October 6, 2025

ဟားခါးမြို့ရှိပြည်သူများအားခြိမ်းခြောက်ငွေညှစ်လုယှက်တဲ့ ရဲသားနှစ်ဦးကိုဖမ်းဆီး

0

Chinland Channel/ ၂၂ ဧပြီ ၂၀၂၅

ချင်းပြည်နယ်၊ ဟာခါးမြို့ရှိ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးပြီးခြိမ်းခြောက်ငွေညှစ်၊ လုယှက်တဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲသားနှစ်ဦးကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Hakha က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်တဲ့ စစ်ကောင်စီလက်အောက်ခံရဲသားနှစ်ဦးကို မနေ့ဧပြီလ ၂၁ ရက်နေ့တုန်းက ဟားခါးမြို့ထဲမှာဖမ်းဆီးထားတာလို့ CDF-Hakha ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နောက်ထပ် ပြည်သူများအပေးဒုက္ခမျိုးစုံပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များကို CDF-Hakha အနေ ဖြင့် လိုက်လံအရေးယူသွားမယ်လို့လည်း CDF-Hakha က အသိပေးထားပါတယ်။

သတင်း – Jessie
ပုံအညွှန်း – CDF-Hakha ဖမ်းဆီးထားတဲ့ ရဲနှစ်ဦးနဲ့ သိမ်းဆီးထားတဲ့ပစ္စည်းများ
ဓါတ်ပုံ- CDF-Hakha

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed