October 6, 2025

လေကြာင်းတိုက်ခိုက်ခြင်းခံခဲ့ရတဲ့ လုမ်သဲကျေးရွာကို လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသွားမယ်လို့ ချင်းပြည်အစိုးရထုတ်ပြန်

0

Chinland Channel/ ၂၈ နိုဝင်ဘာ ၂၀၂၄

နိုဝင်ဘာလ ၂၆ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးသွားမယ်လို့ ချင်းပြည်အစိုးရက မနေ့နိုဝင်ဘာလ ၂၇ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

ဖလမ်းမြို့နယ်၊ လုံမ်သဲကျေးရွာ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီကနေ နိုဝင်ဘာလ ၂၆ ရက်၊မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲလို့ လုမ်သဲရွာ ပြည်သူ့ဆေးရုံ ဆေးရုံအဆောက်အဦးနဲ့ အနီးအနားက ပြည်သူ့နေအိမ်များစွာ မီးလောင်ပျက်စီးတဲ့အပြင် ကျန်းမာရေးဝန်ထမ်း နှစ်ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ယခုလိုအပြစ်မဲ့ပြည်သူများနဲ့ သူတို့အားထားတဲ့ ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်မှု ကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ပြီး ချင်းပြည် (Chinland ) ရှိအပြစ်မဲ့ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုနေ့စဉ်နဲ့အမျှ ခြိမ်းခြောက်တဲ့အပြင် လူမျိုးတုန်းသတ်ဖြတ်မှုများကို ကျူးလွန်နေတာ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လုမ်သဲကျေးရွာ ပြည်သူ့ဆေးရုံပျက်စီးဆုံးရှုံး မှုနဲ့ အပြစ်မဲ့ပြည်သူများသေဆုံးမှုအပေါ် ဝမ်းနည်းကြောင်းဆိုကာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေး အပ်သွားမှာဖြစ်သလို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပက်သက်လို့ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်များကိုပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed