October 6, 2025

မတူပီတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းဖမ်းဆီးခံရသူများပြန်လွတ်လာဟုဆို

0

Chinland Channel / ၁၂ ဇူလိုင် ၂၀၂၅

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့နယ်အတွင်း တူပီ- လိုင်လင်းပီလမ်းမဘက်ရှိ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်ရင်း (၃)တပ်ဖွဲ့ဝင်အချို့ကို MRO/ Chin Defense Force – မတူပီက ဖမ်းဆီးထားပြီး ဇူလိုင်လ ၁၁ရက် ညပိုင်းတွင်ပြန်လွတ်လာပြီဖြစ်ကြောင်း Chinland Defense Force – မတူပီ ထံမှ သိရသည်။

ဖြစ်စဥ်မှာ ဇူလိုင်လ ၁၀ ရက် ညနေ ၆ နာရီခန့်တွင် MRO/ Chin Defense Force – မတူပီ နှင့်မဟာမိတ်တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ထိန်းချုပ်ဒေသကို စစ်ကြောင်းထိုးလာပြီး ရဲ‌ဘော်အချို့ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း Chinland Defense Force – မတူပီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

Chinland Defense Force – မတူပီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက “ရဲဘော် တွေကတော့ ပြန်လွတ်ပြီဆိုတော့ ဘာမှယူတာတွေမရှိဘူး။ ဖမ်းထားတဲ့လူတွေ အကုန်လုံးအခုတော့အဆင်ပြေသွားတယ်။ ပြန်လွတ်ပေးပြီဆိုတော့ ဒီမှာတော့ ဘာပြဿနာမှမရှိတော့ဘူးလို့ ပြောရမှာပေါ့။ သူတို့စစ်ကြောင်းထိုးတာကတော့ အလုံးအရင်းနဲ့ အများကြီးAA အပါ စစ်ကြောင်းထိုးတာတော့ရှိတယ်။ ကိုယ့်ရဲဘော်တွေကို ပြန်လွတ်ပေးဖို့ တောင်းဆိုတာလောက်ပဲရှိတယ်။တခြားဘာသဘောတူညီချက်မှ ဆွေးနွေးတာမရှိသေးဘူး။ မကြာခင်မှာတော့ ပြန်ပြီးတော့ ပြန်တွေ့ဖို့ရှိပါတယ်။” ဟု Chinland Channel ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ MRO/ Chin Defense Force – မတူပီ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Chinland Defense Force -မတူပီသည် Chinland Council၊ ချင်းပြည်အစိုးရအဖွဲ့ဝင်ဖြစ်ပြီး MRO/ Chin Defense Force – မတူပီသည် ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည်။

သတင်း- Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed