October 6, 2025

မဏိပူရတွင် အကျဥ်းကျနေသည့်  မြန်မာနိုင်ငံသား ၂၆ဦး နေရပ်ပြန်ပို့

0

Chinland Channel / ၆ ဇန်နဝါရီ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ အကျဥ်းထောင်တွင် အကျဉ်းကျနေသည့်  မြန်မာနိုင်ငံသား ၂၆ ဦးအား နေရပ်ပြန်ပို့ခဲ့ကြောင်း  မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh ၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် သိရသည်။

ပြန်လွတ်လာသည့် မြန်မာနိုင်ငံသားများကို မိုးရေးမြို့ရှိ အိန္ဒိယ- မြန်မာ နယ်စပ်တံတားမှတဆင့် အိန္ဒိယတာဝန်ရှိသူများမှ  တမူးမြို့ရှိ စစ်ကောင်စီထံ  ဇန်နဝါရီလ ၄ရက်နေ့တွင် လွဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

“မဏိပူရနယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၆ ဦးကို ၎င်းတို့၏ မွေးရပ်မြေသို့ ယနေ့ ပြည်နှင်ဒဏ်ပေးလိုက်သည်။” ဟု မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh ဇန်နဝါရီ  ၅ရက်နေ့က ဆိုသည်။

ယခု လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား၂၆ယောက်သည်  နယူးလမ်ကားတွင် ယက်ကန်းရက်လုပ်ငန်းလုပ်ကိုင်ရင်းသူများဖြစ်ပြီး တရားဝင်နေထိုင်ခွင့်အထောက်အထား မရှိ သဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ   ၂၀၂၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်ကဆိုသည်။

မဏိပူရအစိုးရသည် စစ်ဘေးတိမ်းရှောင်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ကတိပြုထားပြီး ၎င်းတို့အား စောင့်ရှောက်မှုနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည် ထွက်ခွာသွားစေရန် အာမခံချက်ပေးထားသည်ဟု မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

သို့သော်လည်း မဏိပူရပြည်နယ်သို့  တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများကို နေထိုင်ခွင့်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် N Biren Singh က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်တွင်လည်း မဏိပူရပြည်နယ်ရောက် တရားဝင်နေထိုင်ခွင့်အထောက်အထား မရှိသည့်  မြန်မာနိုင်ငံသား ၇၀ကျော်အား မဏိပူရအာဏာပိုင်များက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

သတင်း -Joshua

ပုံစာ – မဏိပူရပြည်နယ် အင်ဖားအကျဥ်းထောင်မှ လွတ်မြောက်လာသူများကို လွဲပြောင်းပေးနေစဥ်

ဓါတ်ပုံ – N Biren Singh

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed