October 6, 2025

မင်းတပ်တွင် မြေဖို့ဝှက်ထားသည့် စစ်တပ်လက်နက်များကို ပြည်သူများထပ်မံတွေ့ရှိပြီး CDF Mindat ထံ အပ်နှံ

0

Chinland Channel/ ၂၉ သြဂုတ်လ ၂၀၂၅

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသည် စစ်ကောင်စီတပ်ဖွဲ့များ မြေဖို့ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းများကို ပြည်သူများကထပ်မံတွေ့ရှိပြီး လာရောက်အပ်နှံခဲ့ကြောင်း CDF- Mindat က ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ၀င်များ မြေဖို့ဝှက်ထားခဲ့သော MA 1 သုံးလက်၊ ၄၀ မမ ဗုံးသီး ခြောက်လုံး နဲ့ အခြားလက်နက် ဆက်စပ်ပစ္စည်းများကို တာဝန်သိပြည်သူများက CDF- Mindat စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံခြင်းဖြစ်ပြီး ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်တွင်လည်း စစ်ကောင်စီတပ်သားများ ဝှက်ထားသည့် MA4 တစ်လက် ၊ MA 3 တစ်လက်၊MA1 တစ်လက် ၊ ၄၀မမ ဗုံးသီး ငါးလုံးနှင့် အခြားလက်နက်ဆက်စပ်ပစ္စည်းများကို ပြည်သူများမှ CDF-Mindat စစ်ဦးစီးချုပ်ရုံးထံ အပ်နှံခဲ့ကြသေးသည်။

ထို့အပြင် သြဂုတ်လ ၂၂ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သားများ ဝှက်ထားသော MA 15 စက်လတ် တစ်လက် ၊ RPG 7 တစ်လက်၊ MA4 တစ်လက် ၊ MA 3 တစ်လက်နှင့် ဆက်စပ် ပစ္စည်းများအား စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံသဖြင့် ဆုကြေး‌ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့များမှ သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်းများစွာနှင့် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်။

သတင်း-Joshua
ဓာတ်ပုံ-CDF- Mindat

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed