ဖူးခက်ကနေ နယူးဒေလီကိုဦးတည်ပျံသန်းတဲ့လေယာဉ် ဗုံးဖောက်ခွဲမယ်လို့ခြိမ်းခြောက်ခံရလို့အရေးပေါ် ဆင်းဆက်
Chinland Channel / ၁၃ ဇွန် ၂၀၂၅
ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ဖူးခတ်လေဆိပ်ကနေ နယူးဒေလီဘက်ကိုဦးတည်ပျံသန်းတဲ့ Air India AIC379 လေယာဉ်တစ်စီး လေဆပ်ကနေတက်ပြီး မကြာခင်မှာ ဗုံးဖောက်ခွဲမယ်လို့ခြိမ်းခြောက်ခံရတာ ကြောင့်အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၁၅၆ ဦးလိုက်ပါလာပြီး ခြိမ်းခြောက်မှုနဲ့ကြုံတွေ့ပြီးနောက် ဖူးခက်လေယာဉ် ကိုပြန်လည်ဆင်းသက်ခဲ့ပါတယ်။
အဆိုပါလေယာဉ်ပေါ်မှာလိုက်ပါသွားတဲ့ ခရီးသည် ၁၅၆ ဦးစလုံးကိုအရေးပေါ်အစီအမံများနဲ့အညီ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း ထိုင်းလေဆိပ်တာဝန်ရှိသူတစ်ဦးကိုကိုးကားပြီး ရိုက်တာသတင်းကဖော်ပြထားပါတယ်။
ခရီးသည်တင် AIC 379 လေယာဉ်ဟာ ဖူးခတ်လေဆိပ်ကနေ ဒေသစံတော်ချိန် မနက်ပိုင်း ၉ နာရီ မီနစ် ၃၀ မှာ စတင် ပျံတက်ခဲ့ပြီး ကပ္ပလီပင်လယ်ပြင်ကိုလှည့်ပတ်ကာ ထိုင်းနိုင်ငံတောင်းပိုင်း ဖူးခတ်လေဆိပ်ကိုပြန်လည် ဆင်းသက်လာခဲ့ကြောင်း လေယာဉ်ခြေယာခံ Flightradar 24 က ဆိုပါတယ်။
လေယာဉ်ပျံတက်ပြီး သိပ်မကြာခင်မှာဘဲ လေယာဉ်ထဲက ရေချိုးခန်းနံရံမှာ ဗုံးခြိမ်းခြောက်မှုတစ်ခု တွေ့ရှိပြီး နောက် လေယာဉ်ပြန်လည်ဆင်းသက်ခြင်းဖြစ်ပါတယ်။
အာဏာပိုင်းများဟာ အဆိုပါလေယာဉ်ဆင်းသက်ပြီးနောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ လေယာဉ်ပေါ်မှာ ဗုံးများရှာဖွေတွေ့ရှိခြင်းမရှိကြောင်း သတင်းအေဂျင်စီများကပြောပါတယ်။
မနေ့ ဇွန်လ ၁၂ ရက်နေ့မှာလည်း Air India လေယာဉ်တစ်စီးဟာ အိန္ဒိယနိုင်ငံအနောက်ဘက်၊ Ahmedabad မြို့ကနေ လန်ဒန်မြို့ကိုဦးတည်ပြီးပျံသန်းပြီး မီနစ်ပိုင်းအကြာမှာပျက်ကျခဲ့ပါတယ်။
အဆိုပါလေယာဉ်ပျက်မှာ လူပေါင်း ၂၄၂ ဦးလိုက်ပါသွားပြီး ဗြိတိန်နိုင်ငံသားတစ်ဦးကလွဲပြီးကျန်တဲ့ ၂၄၁ ဦးသေဆုံး သွားခဲ့ပါတယ်။
ကိုးကား – The Federal
သတင်း – Jessie
ဓါတ်ပုံ – လူမှုကွန်ယက်
