March 16, 2026

ဖလမ်းနယ် ၊ ထင်းရှူးစခန်းတိုက်ပွဲတွင် လက်နက် ၉ လက်သိမ်းမိ၊ ရန်သူ ကျဆုံးထိခိုက်များပြား

0

Chinland Channel ၊ ၂၂ ဖေဖော်ဝါရီ ၂၀၂၆

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ထင်းရှူးစခန်းအနီးရှိ စစ်ကော်မရှင်တပ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်း ထိုးစစ်ဆင်ခဲ့ရာ ယနေ့မနက်ပိုင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန်အထိ လက်နက် ၉ လက် သိမ်းဆည်းရမိပြီ ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပါတ်သက်ပြီး “ မနေ့ ညနေပိုင်းမှာ ပြန်လည်ပြီး ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ထင်းရှူးစခန်း တောက်လျှောက် ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။ တိုက်ပွဲအတော်လေး ပြင်းထန်ခဲ့ပြီး ဒီနေ့မနက်ထိတောင် နယ်မြေရှင်းလင်းရေး အပြည့်အဝ မလုပ်ဆောင်နိုင်သေးပါဘူး။ ခုထိတော့ ရန်သူ့ လက်နက် ၉ လက် သိမ်းဆည်းမိထားပါတယ်။ ရန်သူ့ဘက် အထိအခိုက် အကျအဆုံးများသလို၊ ကိုယ့်ဘက်ကလည်း ထိခိုက်ဒဏ်ရာတွေ ရှိပါတယ်။ အခုလေးမှာတင်ကို ဂျက်ဖိုက်တာနဲ့ လာတိုက်ခိုက်တာမှာ KKG ရဲဘော်တစ်ယောက် ကျဆုံးပါတယ်။ တိုက်ပွဲကတော့ အခုထိ ဖြစ်ပွားနေဆဲပါ။ “ ဟု ရှေ့တန်းသတင်းရင်းမြစ်က Chinland Channel ကို ဖြေကြားသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးလျက်ရှိပြီး တိုးမပေါက်ဖြစ်နေရာ လေကြောင်းမှလည်း စဉ်ဆက်မပြတ်တိုက်ခိုက်သကဲ့သို့ မြေပြင်တွင်လည်း အင်အားတောက်လျှောက်ဖြည့်တင်းကာ ထိုးစစ်ဆင်နေပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်များမှ နေ့စဉ်မပြတ် ခုခံလျက်ရှိနေကြောင်း သိရသည်။

( နောက်ဆက်တွဲ သတင်းများကို ဆက်လက်ဖော်ပြပါမည်။ )

သတင်း – Liam
ဓါတ်ပုံ – ရှေ့တန်းရင်းမြစ်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed