October 6, 2025

ပျောက်ဆုံးတဲ့စစ်လေယာဉ် KNDF က ပစ်ချခဲ့ခြင်းဖြစ်

0

Chinland Channel / ၃ ဇူလိုင်လ ၂၀၂၅

တိုက်လေယာဉ်တစ်စင်းဟာ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းမှာ ပျံ့သန်းရင်း ရုတ်တရက် ရေဒါကနေပျောက်ဆုံးပြီး အဆက်အသွယ်ပြတ်သွား စစ်ကောင်စီက ဇူလိုင်လ ၃ ရက်နေ့မှာသတင်းထုတ်ပြန်ထားရာ အဆိုပါလေယာဉ်ကို ပစ်ချခဲ့တာဖြစ်ကြောင်း KNDF က အသိပေး ထားပါတယ်။

အဆိုပါလေယာဉ်ဟာတရုတ်ထုတ် FTC 2000G အမျိုးအစားတိုက်လေယာဉ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈.၅ သန်း တန်ဖိုးရှိ တယ်လို့သိရပါတယ်။

FTC 2000G လေယာဉ်တစ်စင်းဟာ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာအနီးမှာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ကရင်နီ အမျိုးသားကာကွယ်ရေးတပ် ( KNDF) မှ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း KNDF ရဲ့ ဒုစစ်ဦးစီးချုပ် ကိုမာဝီက အသိပေးထားပါတယ်။

“အသိပေးရမှာ သေချာပြီမလို့ ၊အသိပေးလိုက်သည်။ ငှက်တစ်ကင် တပ်ရင်းတစ်ရင်း ကရင်နီမှာဖြစ်သည်။ ကရင်နီစစ်သည်တွေရဲ့ လက်ချက်ဖြစ်သည်။” လို့ ကိုမာဝီက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေအသိပေးထား ခြင်းဖြစ်ပါတယ်။

လေယာဥ်အပျက်အစီးရဲ့ အနီးနားမှာလည်း လေယာဉ်မှူးလို့ယူဆရတဲ့ လူသေအလောင်း ၂ လောင်းကို တွေ့ရတယ်လို့ကနဦးသိရပါတယ်။

သတင်း – Jessie
ပုံအညွှန်း – ပျက်ကျသွားတဲ့လေယာဉ်အားတွေ့ရစဉ်
ဓါတ်ပုံ – Maui Karenni

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed