ထန်တလန်မြို့နယ်၊ တလန်ရွာ (ခ)ရှိ လူနေအိမ်တစ်လုံးမီးလောင်
Chinland Channel / ၂၂ မေ ၂၀၂၅
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဗိုင်လမ်တောင်ကြောရှိ တလန်ရွာ (ခ) ကျေးရွာက ပြည်သူ့နေအိမ်တစ်လုံးဟာ မနေ့ မေလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာမီးလောင်ပြာကျခဲ့တယ်လို့ဒေသခံတစ်ဦးထံကသိရပါတယ်။
အဆိုပါအိမ်ဟာ Pu Bawi Lawm Bik ရဲ့နေအိမ်ဖြစ်ပြီး မီးဖိုကမီးသွေးအကျန်ကြောင့် မီးကူးပြီးလောင်သွားတာ ဖြစ်နိုင်ကြောင်း၊ အိမ်ပစ္စည်းအများစုကိုထုတ်မရလို့ မီးထဲပါသွားကြောင်း သိရပါတယ်။
“မနေ့မနက်ပိုင်း ၂ နာရီဝန်းကျင်မှာ လောင်တာပေါ့နော်။ မီးလောင်တာက မီးဖိုချောင်ကနေစတယ်လို့ယူဆရတယ်။ သူတို့ငြိမ်းသွားပြီထင်ပြီးတော့ထားခဲ့တဲ့မီးသွေးကနေစမယ်လို့ပြောကြတယ်။ ကျနော်ရောက်သွားတဲ့အချိန်မှာ တော့ အိမ်အကုန်လုံးမီးကူးသွားပြီ။ မီးဖိုချောင်ဖက်က ဒယ်အိုး တစ်လုံးနှစ်လုံးလောက်ဘဲပြန်ယူနိုင်တယ်။အများ စုကမီးထဲပါသွားတယ်။” လို့ မီးသူငြိမ်းပေးတဲ့ ဒေသခံတစ်ဦးက Chinland Channel ကိုပြောပါတယ်။
တလန်ရွာ (ခ) ကျေးရွာဟာ ထန်တလန်မြို့ကနေ ၈ မိုင်ကျော်အကွာအဝေးမှာရှိပြီး ထန်တလန်ကနေ ဇိုဖဲရမ်၊ လောက်တူ ဒေသ ဘက်သွားတဲ့လမ်းမှာတည်ရှိပါတယ်။
သတင်း – Jessie
ပုံအညွှန်း – မီးလောင်နေတဲ့ Pu Bawi Lawm Bik ရဲ့နေအိမ်အားတွေ့ရပုံ
ဓါတ်ပုံ – ပေးပို့
