ချင်းအမျိုးသားကောင်စီ ပေါ်ပေါက်လာရေး အမြန်ဆုံး အကောင်အထည်ဖော်ရန် သဘောတူညီကြောင်း Chinland Council နှင့် ICNCC တို့ ထုတ်ပြန်
Chinland Channel / ၂၆ ဖေဖော်ဝါရီ ၂၀၂၅
ချင်းပြည် (Chinland Council) နှင့် ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ တွေ့ဆုံဆွေးနွေးချက်အရ ချင်းပြည်အတွင်း ကောင်စီနှစ်ရပ် တည်ရှိနေခြင်းသည် မဖြစ်သင့်သောကြောင့် ပေါင်းစည်းနိုင်ရေးကို သဘောတူညီခဲ့ကြပြီး ကောင်စီအမည်သစ်ကို “ချင်းအမျိိုးသားကောင်စီ” ဟု ခေါ်တွင်ရန် သဘောတူညီခဲ့ကြောင်း ယနေ့ရက်စွဲပါ ထုတ်ပြန်ချက်အရ သိရှိရသည်။
ချင်းအမျိုးသားကောင်စီ ပေါ်ပေါက်လာရေးအတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေး အဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
