October 6, 2025

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်မည်ဟုဆို

0

Chinland Channel/ ၉ဇွန် ၂၀၂၅

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ချိတ်ဆက်မှုကို တိုးတက်စေမည့် Kaladan Project (ကုလားတန် စီမံကိန်း) သည် ၂၀၂၇ ခုနှစ်တွင် ပြီးစီးလည်ပတ်လာမည်ဖြစ်ကြောင်း အိန္ဒိယပြည်ထောင်စုဝန်ကြီး Sarbananda Sonowal က ပြောကြားခဲ့ကြောင်း The Economic Times တွင် ဖော်ပြသည်။

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် လက်ရှိတွင် ရခိုင်ပြည်၊ စစ်တွေဆိပ်ကမ်းစီမံကိန်း ပြီးစီးပြီဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ အိုက်ဇောလ်မြို့နယ်သို့ ချိတ်ဆက်မည့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ကုလားတန်စီမံကိန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် ဆိပ်ကမ်းတည်ဆောက်နေကြပြီး ပလက်ဝမြို့နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့သွားမည့် ကုန်းလမ်းကိုဖောက်လုပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း အခြေစိုက်ထားသည့် ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းစီမံကိန်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multimodal Transit Transport Project )သည် ၂၀၁၁ခုနှစ်မှ စတင်ပြီး အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းစီမံထားသည့် စီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် လုပ်ငန်းပြီးအေလည်ပတ်မည်ဟု အိန္ဒိယနိုင်ငံ၏ ဆိပ်ကမ်း၊ သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီး Sarbananda Sonowal ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းသည် အိန္ဒိယ – မြန်မာကို ချိတ်ဆက်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက် ပြည်နယ်များသို့ လမ်းပန်းဆက်သွယ်ရေးကို မြှင့်တင်နိုရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု The Economic Times တွင်ဖော်ပြသည်။

သတင်း- Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed