October 6, 2025

ကလေးမြို့နယ်က စစ်ကောင်စီအထိုင်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်မိသလိုလက်နက်ခဲယမ်းများသိမ်းဆည်းရမိ

0

Chinland Channel / ၈ ဇူလိုင် ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံပုလဲအရှေ့ရွာရှိ နှောညောင်ပင်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီးများအထိုင်ချထားတဲ့ စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရန်သူဘက်က ၆ ဦးသေ၊ ၁ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိတယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

အဆိုပါစခန်းကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ဦးဆောင်မှုဖြင့် ဒေသခံကျေးရွာပကဖအဖွဲ့များ၊ RAW (Kalay) ဆေးအဖွဲ့နဲ့အတူ ဇူလိုင်လ ၅ နံနက် တစ်နာရီ မီနစ် ၂၀ ကနေ စတင်ပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာ လို့ဆိုပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီထံကနေ ကာဘိုင်(၄)လက်၊BA-100(၆၀မမ)-(၁)ပြောင်း၊G-3-(၂)လက်၊ ၆၀ဖူး( ၁၂ )ဖူး၊MG-1 ပလတ်စတစ်လက်ပစ်ဗုံး(၂)လုံး၊i-con(၂)လုံး၊ .၃၀လက်မကာဘိုင်ကျည် – (၁၁၇၅)တောင့် ၊7.62ကျည်(၅၀၉)တောင့်၊(ကပစ)5.56ကျည်(၅၈)တောင့်၊G-3ကျည်ဘောက် (၉)ဘောက်၊ ကာဘိုင်ကျည်ဘောက် (၉)ဘောက်ရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အလောင်း ၆ လောင်း ရရှိသလို ၁ ဦးကိုအရှင်မိထားပြီး မိမိတို့ဘက်မှရဲဘော်တစ်ဦး မစိုရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါစခန်းဘက်ကို ကလေးမြို့ဒကစမှ စစ်ကူအင်အားရောက်ရှိလာခြင်း၊စကစအထိုင်စခန်းတခုဖြစ်တဲ့ အဖွဲ့စက်မှ လက်နက်ကြီးပစ်ကူပေးခြင်းကြောင့် ယင်းမနက် ၂ နာရီ မီနစ် ၂၀ မှာအဆိုပါစခန်းကနေ ပြန်လည် ဆုတ်ခွါခဲ့တယ်လို့ဖော်ပြထားပါတယ်။

သတင်း – Jessie
ပုံအညွှန်း – ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားနဲ့အတူ စစ်လက်နက်ခဲယမ်းပစ္စည်းများ
ဓါတ်ပုံ – ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed