October 6, 2025

NUCC မှ ချင်းပြည်တော်လှန်ရး မိတ်ဖက်အင်အားစုများသို့ လက်နက်ကိုင်ဖြေရှင်းနေမှုကို ရပ်တန့်ရန်နှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန် ပန်ကြား

0

Chinland Channel / ၈ ဇူလိုင် ၂၀၂၅

အမျိုးသားအတိုင်ပင်ခံ ကောင်စီ (NUCC) မှ ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများသို့ ပန်ကြားချက် တရပ်ကို ယနေ့ ဇူလိုင် ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ချင်းပြည်တော်လှန်ရေး အင်အားစုများအကြား လတ်တလောဖြစ်ပွားနေသော သဘောထားကွဲလွဲမှုများနှင့် နောက်ဆက်တွဲပွတ််တိုက်မှုများအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းလက်နက်စွဲကိုင် ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးပါရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန် ပန်ကြားထားသည်။

ထို့ပြင် လိုအပ်ပါကလည်း ပဠိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများတွင်လည်း NUCC အနေဖြင့် လိုအပ်ပါက ပါဝင်ကူညီဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ပန်ကြားချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်း HPO/CDF – Hualngoram နှင့် CNO/CNDF တို့အကြား တင်းမာမှုများမှတဆင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်လာပြီးနောက် CNO/CNDF မှ ရိဒ်ခေါဒါမြို့ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင်လည်း CNF/CNA နှင့် CNO/CNDF တို့အကြား စစ်ရေးအရ ပွတ်တိုက်ထိတွေ့မှုများ ရှိနေကြောင်း သိရှိရသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed