MDF နဲ့ AA တပ်ဖွဲ့များမှ အကြောင်းမဲ့ ဖမ်းဆီးထားသော ကျေးရွာကောင်စီ ဥက္ကဌအပါအဝင် ၄ဦးအား ပြန်လွတ်ပေးရန် CDF Mara ထုတ်ပြန်
Chinland Channel/ ၂၃ ဇူလိုင် ၂၀၂၅
ချင်းပြည်၊ မရာဒေသတွင် MTC/MDFနှင့် ULA/AA တပ်ဖွဲ့များမှ အကြောင်းမဲ့ ဖမ်းဆီးထားသော ကျေးရွာကောင်စီ ဥက္ကဌအပါအဝင် အမျိုးသားလေးဦးအား ပြန်လွတ်ပေးရန် CDF Mara ကထုတ်ပြန်သည်။
ဆော်မှိန်တိုက်နယ်၊ ဖန်တလန်ကျေးရွာ၊ ကျေးရွာကောင်စီ ဥက္ကဌ ဦးလိုင်ဟူး (Pupa Laihao)၊ ခွါပိလူကျေးရွာဒေသခံ ဦးငွန်ဆန် (Pupa Ngôsa)၊ ဦး ရာမှုန် (Pupa Rahmô)နှင့် ဖန်တလန်ကျေးရွာနေ ကျေးရွာကောင်စီအဖွဲ့ဝင် ဦးမာန်ဒို (Pupa Madô)တို့ကို MTC/MDF+ULA/AA တပ်ဖွဲ့များမှ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
“MTC/MDF+ULA/AA တပ်ဖွဲ့များမှ အပြစ်မရှိအပြစ်ရှာပြီးအကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်။” ဟု CDF Mara က ဆိုသည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီ ၏ လုပ်ရပ်များနှင့်တူသည့် ပြည်သူများ အပေါ် အကြမ်းဖက် အနိုင်ကျင့် လုပ်ရပ်များကိုရပ်တန့်ပြီး ဖမ်ဆီးခံ ပြည်သူလေးဦးအား ချွင်းချက်မရှိ လွှတ်ပေးရန် CDF Mara စစ်ရေးကော်မီတီက ထုတ်ပြန်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင်လည်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)နှင့် Arkan Army (AA)တပ်ဖွဲ့များမှ ဖမ်းဆီးထားသော ဖါရ်တလန်ကျေးရွာနေ ကျေးရွာကောင်စီ ဥက္ကဌ ဦးလိုင်ဟူး နှင့် ကျေးရွာကောင်စီအဖွဲ့ဝင် ဦးမာန်ဒိုတို့ကို ချွင်းချက်မရှိပြန်လွတ်ပေးရန် ကြားကာလ မရာနယ်ကောင်စီက ထုတ်ပြန်သည်။
သတင်း- Joshua
