October 6, 2025

MDF နဲ့အပေါင်းအပါမှရည်ရွယ်ချက်ရှိရှိ ဘာသာရေးအဆောက်အအုံကို ဒရုန်းဖြင့်ဗုံးကြဲလို့ထိခိုက်ပျက်စီးမှုရှိ

0

Chinland Channel / ၂၁ ဩဂုတ် ၂၀၂၅

ချင်းပြည်နယ်၊ မာရာနယ်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Maraland Defense Force – MDF နဲ့ အပေါင်းအပါများက ခရစ်ယာန် ဘာသာရေးအဆောက်အအုံကိုရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့်ဗုံးကြဲလို့ ထိခိုက် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

MDF နဲ့အပေါင်းအပါများက မနေ့ ဩဂုတ်လ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့၊ ညနေ ၂ နာရီဝန်းကျင်မှာ မာရာနှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့ရုံးဝင်းထဲကို ဒရုန်းဖြင့်ဗုံးကြဲခဲ့တာဖြစ်ပြီး အမျိုးသမီးဌာနအတွင်းရေးမှူးနေအိမ် ထိမှန်ပျက်စီး ခဲ့တယ်လို့ မာရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ ( Batist Association of Maraland) က ဒီကနေ့ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

မာရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ဟာ ခရစ်တော်ရဲ့ကယ်တင်ခြင်းတရားပြန့်ပွားရန်နဲ့ ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာ တရားအား လူတိုင်းသိရှိနားလည်လက်ခံရန် အမှုတော်မြတ်အားဆောင်ရွက်နေတဲ့ သာသနာအဖွဲ့ဖြစ်ပြီး MDF များအနေဖြင့် ခရစ်ယာန်ယုံကြည်သူများဖြစ်သည့်တိုင်အောင် သာသနာအဆောက်အုံအားဖျက်ဆီးခြင်းအပေါ် ဝမ်းနည်းတယ်လို့ဆိုပါတယ်။

ယခုလို သာသနာအဆောက်အအုံဖျက်ဆီးခံရတဲ့အပေါ် အထူးဝမ်းနည်းပြီး ဆုတောင်းခြင်းဖြင့်ကူညီအားပေးကြ ပါရန်လည်းတိုက်တွန်းထားပါတယ်။

ဒါ့အပြင် မည်သည့်အဖွဲ့အစည်းမဆို ဘာသာရေးအဆောက်အအုံများအား ရှောင်ရှားနိုင်ကြရန်လည်း တောင်းဆို လိုက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း – Jessie
ပုံအညွှန်း – MDF တပ်ဖွဲ့ဝင်များ/ မာရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ထုတ်ပြန်ချက်
ဓါတ်ပုံ – လူမှုကွန်ယက်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed