October 6, 2025

HPO/CDF-Hualngoram နှင့် CNO/CNDF တို့ကို စစ်ရေးနည်းဖြင့် မဖြေရှင်းပဲ မျက်နှင်ချင်းဆိုင်တွေ့ဆုံပြီး ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းဆောင်ရွက်ရန် ချင်းပြည် (Chinalnd) ကောင်စီ ထုတ်ပြန်

0

Chinland Channel / ၃ ဇူလိုင် ၂၀၂၅

ချင်းပြည်အတွင်း လတ်တလော ကြုံတွေ့နေရသည့် သဘောထားကွဲပြားမှုများကို ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ ( Chin National Council ) အမြန်ဆုံးပေါ်ပေါက်ရေး ဆောင်ရွက်နေချိန်တွင် CNO/CNDF မှ ချင်းပြည်ကောင်စီအဖွဲ့ဝင် HPO နယ်မြေများအတွင်း ထိုးစစ်ဆင်လာမှုသည် ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် အဟန့်အတားတရပ် ဖြစ်စေပြီး လက်ရှိဖော်ဆောင်နေသော ချင်းအမျိုးသားကောင်စီ ပေါ်ပေါက်ရေး လုပ်ငန်းစဉ်ကို ရပ်တန့်စေနိုင်သော လုပ်ရပ်ဖြစ်ကြောင်း ချင်းပြည် (Chinland) ကောင်စီမှ သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ချင်းပြည် (Chinland) ကောင်စီသည် လူမျိုးနွယ်စုဒေသ / နယ်မြေအရေးကို တော်လှန်ရေးကာလအလွန်တွင်သာ နိုင်ငံရေးအရ ဖြေရှင်းအဖြေရှာရန် လိုလားကြောင်း၊ ဘုံရန်သူ စစ်ကောင်စီကို ချင်းပြည်အတွင်းမှ အပြီးတိုင် ပူးပေါင်းတိုက်ထုတ်ရမည့် အချိန်ကာလဖြစ်သည့်နှင့်အညီ နှစ်ဖွဲ့ကြား တင်းမာမှုများ၊ မပြေလည်မှုများကို စစ်ရးနည်းဖြင့် ဖြေရှင်းခြင်း မပြုလုပ်သင့်ပဲ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

နှစ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များကိုလည်း ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဠိပက္ခများကို မဖန်တီးပဲ မိမိတို့ နယ်မြေများကို အပြန်အလှန် အသိအမှတ်ပြုကာ စစ်ရေးပြင်ဆင်မှုများကို ချက်ချင်းရပ်တန့်ပြီး မိမိတို့နယ်မြေ အသီးသီးရှိ တပ်စခန်းများတွင်သာ ပြန်လည်နေရာယူကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed