October 6, 2025

HPO / CDF-Hualngoram နှင့် CNO / CNDF တို့အကြား လက်နက်ကိုင် ပဠိပက္ခတွင် ပါဝင်မည် မဟုတ်ကြောင်း ချင်းညီနောင် (CB) ထုတ်ပြန်

0

Chinland Channel / ၃ ဇူလိုင် ၂၀၂၅

ချင်းပြည်အတွင်း CDF-Hualngoram နှင့် CNDF တို့အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်လာသည်အထိ ပဠိပက္ခဖြစ်ပွားသည်တွင် ချင်းညီနောင်အနေဖြင့် ပါဝင်မည် မဟုတ်ကြောင်း သတင်းထုတ်ပြန်သည်။

ချင်းတော်လှန်ရေးလက်နက်ကိုင် အချင်းချင်းကြား အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေး၍ ညှိုနှိုင်းအဖြေရှာရေးကိုသာ ချင်းညီနောင်အနေဖြင့် တစိုက်မတ်မတ် လက်ကိုင်ထားကြောင်း၊ လက်ရှိ CDF-Hualngoram နှင့် CNDF တို့အကြား ပဠိပက္ခဖြစ်ပွားသည်ကို ချင်းညီနောင်အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ကြောင်း၊ နှစ်ဖွဲ့လုံးသည် အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ထုတ်နေသော ရည်မှန်းချက်တူ ချင်းတော်လှန်ရေးအဖွဲ့များဖြစ်သည်နှင့်အညီ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် အဖြေရှာကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် HPO/CDF-Hualngoram နှင့် CNO/CNDF တို့အကြား လက်ရှိပဠိပက္ခတွင် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ ဝင်ရောက်မစွက်ဖက်ရန် တိုက်တွန်းကြောင်း၊ ပြင်ပအဖွဲ့များပါဝင်ခြင်းသည် ပြဿနာကို ပိုမိုဆိုးရွားစေနိုင်ပြီး သွေးထွက်သံယို ပိုမိုများပြားမှုကို ဦးတည်စေနိုင်ကြောင်း၊ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး နည်းလမ်းဖြင့်မဟုတ်ပဲ စစ်ရေးအကူအညီဖြင့် ပါဝင်လာပါက ချင်းညီနောင်အနေဖြင် ချင်းညီနောင်အဖွဲ့ဝင် CNO/CNDF နှင့်အတူ မားမားမတ်မတ် ရပ်တည်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed