October 6, 2025

CNA , CDF-Hualngoram နှင့် CNDF တို့ကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းဖြင့် ပေါင်းစည်းညှိနှိုင်းကြရန် ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

0

Chinland Channel / ၁၁ ဇူလိုင် ၂၀၂၅

ချင်းပြည်အတွင်း လတ်တလောဖြစ်ပေါ်နေသော CNA , CDF – Hualngoram နှင့် CNDF တို့အကြား ကိစ္စကို စစ်ရေးနည်လမ်းဖြင့် မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းဖြင့် ပေါင်းစပ်ညှိနှိုင်းကြရန် ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းလိုက်ပါတယ်။

ချင်းတမျိုးသားလုံး စုစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ (CNC) အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးကို တစိုက်မတ်မတ်ဆောင်ရွက်နေသော ကာလဖြစ်သည်နှင့်အညီ ချင်းလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် ချင်းပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ CNDF တပ်များ ရိဒ်ခေါဒါမြိို့ကနေ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးအတွက်ကိုလည်း ပဠိပက္ခအတွင်း မပါဝင်တဲ့ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

ဓါတ်ပုံ – Chinland Parliament

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed