October 6, 2025

Chinland Council နဲ့ ICNCC ကို NUG မှ တော်လှန်ရန်ပုံငွေ မျှဝေ

0

Chinland Council / ၁၉ ဇန်နဝါရီ ၂၀၂၅

အမျိုးသားညီညွတ်ရေး အစိုးရက ရရှိထားတဲ့ တော်လှန်ရေး ရန်ပုံငွေများ မျှဝေခြင်း အခမ်းအနားတစ်ရပ်ကို Zoom ဖြင့် ကျင်းပခဲ့တယ်လို့ NUG က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရတာဝန်ရှိသူများ၊ ချင်းပြည် (Chinlnad) ကောင်စီ၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

အခမ်းအနားမှာ ရန်ပုံငွေမျှဝေခြင်းအပြင် ချင်းအမျိုးသားရေးအတွက် အင်အားစုများ၊ အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေး နှစ်ဖက်ခေါင်းဆောင်များအကြား အတူတကွနည်းလမ်းရှာ ကြိုးပမ်းဆောင်ရွက်မည့်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။ ချင်းပြည် (Chinland) ကောင်စီနဲ့ ICNCC / CB ကို မျှဝေတဲ့ တော်လှန်ရေးရန်ပုံငွေ ပမာဏနဲ့ ဘယ်အဖွဲ့ကို ဘယ်လောက်ပေးတယ်ဆိုတာကိုတော့ မဖော်ပြထားပါ။

ဓါတ်ပုံ – NUG fb

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed