October 6, 2025

CDF မတူပီ တပ်ရင်း(၃)မှ မြင့်မြတ်စွာအသက်ပေးခဲ့သော သူရဲကောင်းများ ဂုဏ်ပြုအောက်မေ့နေ့ အခမ်းအနားကျင်းပ

0

Chinland Channel / ၁၄ ဇန်နဝါရီ ၂၀၂၅

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်ရှိ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ၊ တပ်ရင်း(၃) ကိုင်ဆီး တပ်ရင်းက  အာဏာရှင်စနစ်‌ ပျက်သုဉ်ရေးအတွက် တိုင်းပြည်ကာကွယ်ရင်းအသက်ပေးလှူခဲ့ကြသော ရဲဘော်များအား ဂုဏ်ပြုအောက်‌‌မေ့ရာ‌ နေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်နေ့အား ကိုင်ဆီးတပ်ရင်း၌ တိုင်းပြည်နှင့်လူမျိုးတွက် မွန်မြတ်စွာအသက်ပေးသည့် သူရဲကောင်းများအား  ဂုဏ်ပြုအောက့်မေ့နေ့ အဖြစ်သတ်မှတ်ထားကြကာ အခမ်းအနားကျင်းပကြခြင်းဖြစ်ကြောင်း CDF-မတူပီ၊ တပ်ရင်း(၃) တပ်ရင်းမှူးတာဝန်ရှိသူက ချင်းလဲန်းချန်နယ်သို့ ပြောသည်။

“ကိုင်ဆီးတပ်ရင်းမှာ စုစုပေါင်းအသက်ပေးသွားတာက ကိုးဦးရှိပါတယ်။ ဒါပေမဲ့ လေးဦးကတော့ အဖွဲ့ပြောင်းသွားတော့ ဒီနေ့လုပ်တဲ့ အောက်မေ့ဖွယ်မှာ မထည့်ထားပါဘူး။ အခုလက်ရှိထိ ငါးယောက်ကို တပ်ရင်းမှ ဂုဏ်ပြုအလေးပြုအခမ်းနား ရဲဘော်တိုင်း ပြည်သူတိုင်းက ဒီနေ့လုပ်ကြတယ် ကျနော်တို့ ထိန်းချုပ်နယ်မြေမာပေါ့။ အမြဲလည်း အလေးပြုတန်ဖိုးထားဂုဏ်ယူနေပါမည်။” ဟု CDF-မတူပီ၊ တပ်ရင်း(၃) တပ်ရင်းမှူးတာဝန်ရှိသူက ချင်းလဲန်းချန်နယ်ကို ဆိုသည်။

ကိုင်ဆီးတပ်ရင်းတွင် စစ်တပ်အာဏာသိမ်းချိန်မှစပြီး ယနေ့အချိန်ထိ အာဏာရှင်စနစ်‌ ပျက်သုဉ်ရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်‌ပေါက်လာရေးအတွက် မိမိလူမျိုးနှင့် တိုင်းပြည်ကာကွယ်ရင်းအသက်ပေးလှူ စတေးခဲ့ကြသော သူရဲကောင်းကိုးရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရသည်။

သူရဲကောင်း ရဲဘော်များ၏ အသက်ပေးဆပ်မှုသည် ရဲဘော်တိုင်းက တန်ဖိုးထားပြီး အာဏာရှင်စနစ်ပပျောက်သည်အထိ နောက်မဆုတ်ဘဲ ရင်ထဲအမြဲထားကာ ဆက်လက်တိုက်ပွဲဝင်ရှေ့ဆက်မည်ဖြစ်ကြောင်းလည်း CDF-မတူပီ၊ တပ်ရင်း(၃) တပ်ရင်းမှူးက ဆိုသည်။

ထို့အပြင် CDF-မတူပီ၊ တပ်ရင်း(၃) ထိန်းချုပ်နယ်မြေရှိ ဌာနဆိုင်ရာ ရုံးများပိတ်ခြင်း၊ မိဘပြည်သူများမှ ဈေးဆိုင်များပိတ်ခြင်းဖြင့် အလုပ်မဆင်းဘဲ သတိရအောက်မေ့ ဂုဏ်ပြုပေးကြပါပြီး‌‌ ကျေးရွာအလိုက် လူငယ်များမှ အုတ်ဂူများ သန့်ရှင်းရေးပြုလုပ်ပေးကြကြောင်း သိရသည်။

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ၊ တပ်ရင်း(၃) ကိုင်ဆီး တပ်ရင်းသည် Chinland Council နှင့်လက်တွဲက ၎င်းတို့ထိန်းချုပ်နယ်မြေတွင် ဌာနဆိုင်ရာ ရုံးလုပ်ငန်းများလည်ပတ်လျက်ရှိကြောင်း သိရသည်။

သတင်း- Joshua 

ပုံစာ- ကိုင်ဆီးတပ်ရင်းတွင်ပြုလုပ်သည့် သူရဲကောင်းများ ဂုဏ်ပြုအောက်မေ့နေ့ အခမ်းအနားမြင်ကွင်းအချို့

ဓာတ်ပုံ- ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ၊ တပ်ရင်း(၃)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed